Connect with us

Sport

၂၀၁၆ ရီယို အိုလံပစ် အာရှဇုန် အမျိုးသမီး ဘောလုံး ဒုတိယ အဆင့်ခြေစစ်ပွဲ မြန်မာ အသင်းအနေဖြင့် အစွမ်းကုန် အားထုန်ရန် လိုအပ်နေဟုဆို

မြန်မာအသင်းနှင့် ထိုင်းအသင်း ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပသည့် ၂၀၁၆ ရီယိုအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ တတိယနေ့ ပွဲစဉ်ကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ၊ မြန်မာအသင်း အနေဖြင့် အကြိတ်အနယ် အစွမ်းကုန် ကစားရမည့် အနေအထားတွင် ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူက ဆင်ဟွာကို ယနေ့ပြောသည်။

မြန်မာအသင်းသည် လက်ရှိတွင် နှစ်ပွဲကစား တစ်ပွဲနိုင်ဖြင့် နောက်ပိုင်း ပွဲစဉ်များအား ယခုထက် ပိုပြီး ကြိုးစား ယှဉ်ပြိုင်ရဖွယ် ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူက “ မြန်မာအသင်းရဲ့လက်ရှိ အနေအထားက ကစားသမား တချို့က ပုံမှန်ခြေ မရဘူး။ အရန်ကစားသမား ရှားပါတယ်။ ဒါကြောင့် ထိုင်းနဲ့ ပွဲမှာလည်း လိုအပ်တဲ့ အချိန်မှာ ကစားအား မတင်နိုင်လို့ ရှုံးနိမ်ရတာ ဖြစ်တယ်’’ ဟု ဆင်ဟွာကို ပြောသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ တွင် မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

အိုလံပစ်ပြိုင်ပွဲ အာရှဇုန် အမျိုးသမီးဘောလုံး ဒုတိယအဆင့် ခြေစစ်ပွဲ (တတိယနေ့) ပွဲစဉ်များကို မန္တလာသီရိကွင်း ၌ ဆက်လက် ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.