Sport
၂၀၁၉ ဗီယက်နမ်လူငယ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၁၉ဘောလုံးအသင်းဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)
၂၀၁၉ ဗီယက်နမ်လူငယ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၁၉ဘောလုံး အသင်းနှင့် အတူ နိုင်ငံတကာ ဘောလုံးအသင်းလေးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဘင်ဒေါင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး
ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပမည်မဟုတ်ဘဲ အကြိုလ်ဗိုလ်လုပွဲ၊ ဗိုလ်လုပွဲ၊ တတိယနေရာလုပွဲပုံစံဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အိမ်ရှင် ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယား ယူ- ၁၉အသင်းနှင့် ဗီယက်နမ် ကလပ် ဘင်ဒေါင်းအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ် သည်။ မြန်မာ ယူ- ၁၉ အသင်းသည် ယခုနှစ် အတွင်း နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုပြိုင်ပွဲမတိုင်မီက ဗီယက်နမ် ယူ- ၁၉ ဖိတ်ခေါ်ပြိုင်ပွဲ၊ ဟောင်ကောင် ယူ- ၁၈ ဖိတ်ခေါ်ပြိုင်ပွဲ၊ တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံ၊ တရုတ်တိုင်ပေ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့ပြီး ယခုပြိုင်ပွဲ မှာ စတုတ္ထမြောက် ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင် ခြင်းဖြစ်သည်။
ပွဲစဉ်ရေးဆွဲထားမှုအရ ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် ဒီဇင်ဘာ ၁၄ ရက်တွင် မြန်မာအသင်းနှင့် ဘင်ဒေါင်းအသင်း၊ ဒီဇင်ဘာ ၁၅ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး တတိယလုပွဲကို ဒီဇင်ဘာ ၁၇ ရက်၊ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်။ (Xinhua)