Connect with us

Sport

မြန်မာ့လက်ရွေးစင် ဗီုဗီနမ်အားကစားသမားများ ကမ္ဘာ့ဗိုဗီနမ်ချိန်ပီယံရှစ်ပြိုင်ပွဲ၌ ရွှေ ၁ ခု၊ ငွေ ၅ ခု နှင့် ကြေး‌ ၆ ခုတို့ ဆွတ်ခူးရရှိ

ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ ၌ ဆုရရှိသည့် မြန်မာ့လက်ရွေးစင်ဗီုဗီနမ် အားကစားသမားတစ်ဉီးအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာ့အလင်း)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် (၆) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပလျက်ရှိပြီး မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အသင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်အထိ ရွှေ ၁ ခု၊ ငွေ ၅ ခု နှင့် ကြေး ၆ ခုတို့ ဆွတ်ခူးရရှိထားကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။

 

ယင်းပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ ပြိုင်ပွဲ၀င်အသင်း ၂၄ သင်း ၀င်ရောက်ယှဉ်ပြိုင်ကြ‌ကြောင်းသိရပြီး  မြန်မာအသင်းသည် ပြိုင်ပွဲအမျိုးအစား ၁၃ မျိုးတွင် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၁ ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)