Connect with us

Sport

အပြင်ဘက်တွင် 925 ၊ အတွင်းဘက်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် UEFA ချန်ပီယံလိဂ် ဆုဖလား

UEFA ချန်ပီယံလိဂ် ဆုဖလားအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ယနေ့မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် UEFA ချန်ပယံလိဂ် ဆုဖလားသည် ငွေသားအမျိုးအစား 925 နှင့် ထုလုပ်ထားခြင်း ဖြစ်ပြီး၊ ၇၁ စင်တီမီတာ ရှည်ကာ ၇.၅ ကီလိုဂရမ် အလေးချိန်ရှိကြောင်း သိရသည်။

၎င်းချန်ပီယံလိဂ် ဖလားအား ၁၉၆၇ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံတွင် နာရီပေါင်း ၃၄၀ အချိန်ယူ၍ ထုလုပ်ခဲ့တာ ဖြစ်ကြောင်း သိရသည်။ ၁၉၆၈-၁၉၆၉ ခုနှစ်တွင် သတ်မှတ်ပြဌာန်းခဲ့သည့် စည်းမျဉ်းအရ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ၅ ကြိမ် (သို့မဟုတ်) ၃ ကြိမ်ဆက်တိုက် အနိုင်ရ ဗိုလ်စွဲသည့် အသင်းအနေဖြင့် ဆုဖလားအား ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ လက်ရှိမြင်တွေ့ရသည့် ဆုဖလားဒီဇိုင်းအား ၅ ကြိမ်မြောက် ထပ်မံ ထုလုပ်ထားခြင်း ဖြစ်သည်။

ချန်ပီယံလိဂ် ကြယ်ပွင့်ဟောင်း Fredrik Ljungberg အား UEFA ချန်ပီယံလိဂ် ဖလားနှင့် အတူတွေ့ရစဉ် (ဆင်ဟွာ)

ယနေ့ မြန်မာနိုင်ငံတွင် လာရောက်ပြသသည့် ဆုဖလားသည် ဥရောပ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲခဲ့သည့် အသင်းအား ချီးမြှင့်သည့် ဆုဖလားအစစ် ဖြစ်ပြီး ဆုဖလား၏ အပြင်ဘက်တွင် 925 ငွေသားအမျိုးအစား နှင့် ထုလုပ်ထားကာ အတွင်းဘက်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားကြောင်း သိရသည်။ ၁၉၅၆ ခုနှစ်မှ စတင်၍ အနိုင်ရရှိခဲ့သည့် အသင်းအားလုံး၏ အမည်များအား ဆုဖလား၏ အပြင်ဘက်တွင် ရေးထိုးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.