Connect with us

Sport

ချန်ပီယံလိဂ် ကြယ်ပွင့်ဟောင်း Fredrik Ljungberg (ဖရက်ဒရစ်လင်းဘတ်) မတ်လ ၂၆ ရက်နေ့ ရွှေထွဋ်တင်ကွင်းတွင် ပရိသတ်နှင့် အတူ ဆင်နွှဲမည်

ချန်ပီယံလိဂ် ကြယ်ပွင့်ဟောင်း Fredrik Ljungberg အား UEFA ချန်ပီယံလိဂ် ဖလားနှင့် အတူတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ်၂၅ ရက် (ဆင်ဟွာ)

အာဆင်နယ် အသင်းနှင့် UEFA ချန်ပီယံလိဂ် ကြယ်ပွင့်ဟောင်း Fredrik Ljungberg (ဖရက်ဒရစ်လင်းဘတ်) အား ကမ္ဘာ့ပထမဆုံး ပရိသတ် အခြေပြု ဖလားလှည့်လည်သည့်ခရီးစဉ်၌ Ljungberg သည် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး ပရိသတ်နှင့်အတူ ပါဝင်ဆင်နွှဲကာ မတ်လ ၂၆ ရက်နေ့ရွှေထွဋ်တင်ကွင်းတွင် ကျင်းပမည့် ပျော်ရွှင်ဖွယ် အခမ်းအနားတွင် UEFA ချန်ပီယံလိဂ် ဖလားအား အနိုင်ရ ကံထူးရှင်များ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားသည်။

မြန်မာ့ ဘောလုံး လောကနှင့် ပတ်သက်၍ Fredrik Ljungberg (ဖရက်ဒရစ်လင်းဘတ်) က “ မြန်မာ့ ဘောလုံးအကြောင်းကို မီဒီယာတွေက ရေးသားတာကို ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။ အရှေ့တောင် အာရှမှာ အသင်းကောင်း တစ်ခုလို့ အပြောခံရတာ တွေ့ရတယ်။ ဒီလူငယ်တွေကို လေ့ကျင့် ပျိုးထောင်လိုက်ရင် အရမ်း ကောင်းမွန်လာမယ်လို့ မြင်ပါတယ်’’ ဟု ယနေ့ ဆီဒိုးနားဟိုတယ်တွင် မီဒီယာများ၏ မေးခွန်းအား ဖြေကြားခဲ့သည်။

၎င်းဖလားသည် ရန်ကုန်မြို့မှ တဆင့် ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့သို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။

UEFA ချန်ပီယံလိဂ် ဖလားနှင့်အမှတ်တရ ဓာတ်ပုံရိုက်နေသည့် ဘောလုံးပရိသတ်များ အားတွေ့ရစဉ် (ဆင်ဟွာ)

ချန်ပီယံလိဂ် ကြယ်ပွင့်ဟောင်း Fredrik Ljungberg အား မီဒီယာများ၏ မေးမြန်းချက်အား ဖြေကြားစဉ် (ဆင်ဟွာ)

UEFA ချန်ပီယံလိဂ် ဖလားသည် မြန်မာနိုင်ငံသို့ မတ်လ ၂၀ ရက်နေ့တွင် ပထမဆုံးအကြိမ် စတင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ချန်ပီယံလိဂ်ဖလား ခရီးစဉ်အား ကမ္ဘာအနှံ့ရှိ ဘောလုံးပရိသတ်များ ပါဝင် ဆင်နွှဲခွင့်ရမည့် ခရီးစဉ်အဖြစ် Heineken မှ ၂၀၀၇ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဥရောပ ချန်ပီယံလိဂ်သည် ကမ္ဘာကျော်သည့် ဘောလုံးအသင်းပြိုင်ပွဲ တစ်ခုဖြစ်ပြီး ပရိသတ်ပေါင်း ၄ ဘီလီယံကျော် ၊ တစ်ကမ္ဘာလုံးကြည့်ရှုသူ ၁.၁ဘီလီယံ၊ ကိုယ်တိုင်သွားရောက်ကြည့်ရှုသူ ၁၂၉ မီလီယံရှိကာ နိုင်ငံပေါင်း ၂၂၀ ကျော်အား ထုတ်လွှင့်ပေးနေသည့် ဘောလုံးပွဲစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

Ljungberg က ထပ်လောင်း ပြောဆိုရာတွင် “ဒီနိုင်ငံမှာ ဘောလုံးအားကစားက တကယ့်ကို
ကျော်ကြားတဲ့ အားကစားဖြစ်တဲ့အတွက် ဘောလုံးချစ် ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ သူငယ်ချင်း
တွေနှင့် အတူ ပျော်ရွှင်ဆင်နွှဲရတာဟာ ကြီးမားတဲ့ အခွင့်အရေးတစ်ရပ်ပါပဲ။ ပြီးတော့ ဘက်မလိုက် တဲ့ ယှဉ်ပြိုင်မှုနဲ့ အချင်းချင်း အလေးထားမှုတွေဟာ အစဉ်အလာကြီးမားတဲ့ UEFA ရဲ့ အဖိုး
တန်မှုတွေပဲ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

ဘောလုံး ပရိသတ်များအတွက် ပျော်ပွဲ၊ ရွှင်ပွဲ အခမ်းအနားအား နေ့လည် ၁ နာရီမှ ည၁၁ နာရီအထိ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။ Ljungberg နှင့်အတူဓါတ်ပုံ ရိုက်နိုင်မည့် အခွင့်အရေးများစွာ အပြင် လက်မှတ်ရေးထိုးခြင်း၊ ပျော်ရွှင်မြူးကြွဖွယ် ဖျော်ဖြေ
ရေးအစီအစဉ်များ၊ ဖလားအား ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ကြည့်ရှုနိုင်မည့် စိတ်လှုပ်ရှားဖွယ်ကဏ္ဍအပြင် ပရိသတ်တို့၏ ပျော်ရွှင်ဖွယ်လှုပ်ရှားမှု ဗွီဒီယိုကို Facebook ပေါ်သို့ မျှဝေနိုင်မည်ဖြစ်သည်။ ပွဲအစီအစဉ်များအားလုံးသည် အသက် ၁၈ နှစ်အထက်သာ ပါဝင်ခွင့် ပြု၍ ဝင်ကြေးအခမဲ့ ဖြစ်သည်။ အသေးစိတ်အချက်အလက်များအား Heineken® ၏ Facebook (www.facebook.com/heineken) စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.