Sport
AFC Cup 2019 ဘောလုံး ပြိုင်ပွဲ၏ အုပ်စု ခွဲဝေမှုများထွက်ရှိ
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်ရမည့် AFC Cup 2019ဘောလုံး ပြိုင်ပွဲ အုပ်စု မဲခွဲမှုများ ထွက်ပေါ်လာခဲ့ရာ မြန်မာအသင်းများသည် အုပ်စု (စ)နှင့် အုပ်စု (ဆ)တို့တွင် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
အုပ်စု(စ)တွင် မြန်မာနေရှင်နယ်လိဂ် ကလပ် ရန်ကုန်ယူနိုက်တက် အသင်း(သို့) ဇွဲကပင်ယူနိုက်တက် အသင်းသည် ဗီယက်နမ် ကလပ် Hanoi FC၊ စင်ကာပူကလပ် Tampines Rovers၊ ကမ္ဘောဒီးယား ကလပ် Naga World FC တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စု(ဆ)တွင် ရှမ်းယူနိုက်တက် အသင်းသည် ဖိလစ်ပိုင်ကလပ် Ceres Negros သို့မဟုတ် Davao Aguilas၊ ဗီယက်နမ်ကလပ် Becamex Binh Duong၊ အင်ဒိုနီးရှားလိဂ်မှ ချန်ပီယံ သို့မဟုတ် တတိယရသည့် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Champion League ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ပါက ဇွဲကပင်ယူနိုက်တက်အသင်းသည် AFC Cup 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)