Sport
မန္တလေးမြို့ တွင် Alpine Cup 2018ဘောလုံး ပြိုင်ပွဲ လာရောက်ယှဉ်ပြိုင် ကစားမည့် ဘာရိန်းလက်ရွေးစင် ယူ၂၃ အသင်းလေ့ကျင့်မှုများပြုလုပ်လျက်ရှိ

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးမြို့တွင် Alpine Cup 2018ဘောလုံး ပြိုင်ပွဲ လာရောက်ယှဉ်ပြိုင် ကစားမည့် ဘာရိန်းလက်ရွေးစင် ယူ၂၃ အသင်းသည် အာရပ်ပင်လယ်ကွေ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်ဘာရိန်းမြို့တော် မနားမားတွင် အခြေစိုက်ပြီး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ဘာရိန်း လက်ရွေးစင် အသင်းသည် လက်ရှိ ဖီဖာကမ္ဘာ့အဆင့် သက်မှတ်ချက်တွင် အဆင့် ၁၁၃ရရှိထားပြီး၊ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ဖူးခြင်းမရှိသော်လည်း အာရှတွင် တောင့်တင်းသည့် အသင်းကောင်းတစ်သင်း ဖြစ်ကြောင်း သိရသည်။
ဘာရိန်း ယူ၂၃ အသင်းသည်လည်း GCC U-23 Championship ပြိုင်ပွဲတွင် ချန်ပီယံ တစ်ကြိမ်နှင့့်ဒုတိယ နှစ်ကြိမ် ရရှိထားကြောင်း သိရသည်။ ဘာရိန်း ယူ၂၃ အသင်းအနေဖြင့် သြဂုတ်လ ၁ ရက်နေ့ မှ ၅ ရက်နေ့အထိ မန္တလေးမြို့တွင် ကျင်းပမည့် Alpine Cup 2018 ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ ယူ၂၃၊ ထိုင်း ယူ၂၃၊ တောင်ကိုရီးယား ယူ၁၉ အသင်းတို့ နှင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)