Sport
Egypt International 2019 ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ယနေ့ယှဉ်ပြိုင်ကစားမည်

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များကို အောက်တိုဘာ ၁၈ ရက်တွင် စတင်ကျင်းပမည် ဖြစ်ပြီး မြန်မာကြက်တောင်မယ် သက်ထားသူဇာ၏ ပွဲစဉ်လည်း ပါဝင်ကြောင်း သိရသည်။
သက်ထားသူဇာသည် လက်ရှိချန်ပီယံဖြစ်သောကြောင့် ဆီဒင်-၁ သတ်မှတ်ခံထားရပြီး ပထမအဆင့်မှ စတင်ကစားရမည်ဖြစ်ကာ လက်ရည် စစ်ပွဲအောင်မြင်သည့် ကစားသမားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်ပြီး ၂၀၁၈ ခုနှစ်က ကျင်းပသည့်ပြိုင်ပွဲတွင် ဗိုလ်စွဲထားကာ ၎င်း၏နိုင်ငံတကာ ပြိုင်ပွဲများတွင် ပထမဆုံး ဗိုလ်စွဲခဲ့သည့်ပြိုင်ပွဲလည်းဖြစ်သည်။
လက်ရည်စစ်ပွဲများကို အောက်တိုဘာ ၁၇ ရက် တွင် စတင်ကျင်းပခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တွင် ကစားသမား ၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိကြောင်းသိရသည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အာဖရိက နှင့် အာရှကစားသမားများအပြင် ဥရောပမှ ကစား သမားများလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ ကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။ (Xinhua)