Connect with us

Sport

2019 Egypt International ပြိုင်ပွဲပထမပွဲစဉ်တွင် သက်ထားသူဇာက  အီဂျစ်ပြိုင်ဘက် ကို နှစ်ပွဲပြတ်နှင့်အနိုင်ရရှိ

(Myanmar International Series 2019) ကြက်တောင်ရိုက်ပြိုင်ပွဲ တွင်သက်ထားသူဇာယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များကို အောက်တိုဘာ ၁၈ ရက်တွင် စတင်ကျင်းပခဲ့ရာ မြန်မာကြက်တောင်မယ် သက်ထားသူဇာ တစ်ဖက်ပြိုင်ဘက်ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ 

သက်ထားသူဇာသည် အီဂျစ်နိုင်ငံမှ ကြက်တောင်မယ် Jana Hesham Mohamed Abdelkader အား  ပထမပွဲစဉ် တွင် ၂၁ မှတ် ၄ မှတ်ဖြင့်လည်းကောင်း၊ ဒုတိယ ပွဲစဉ်တွင် ၂၁ မှတ် ၇ မှတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည် လက်ရှိချန်ပီယံဖြစ်သောကြောင့် ဆီဒင်-၁ သတ်မှတ်ခံထားရပြီး ပထမအဆင့်မှ စတင်ကစားရခြင်းဖြစ်ပြီး လက်ရည် စစ်ပွဲအောင်မြင်သည့် ကစားသမားနှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

လက်ရည်စစ်ပွဲများကို အောက်တိုဘာ ၁၇ ရက် တွင် စတင်ကျင်းပခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တွင် ကစားသမား ၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)