Connect with us

Sport

အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းက တီမောအသင်းအား ခုနှစ်ဂိုးပြတ်ဖြင့် အနိုင်ရ

၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ) ပထမနေ့ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် တီမောလက်ရွေးစင်အမျိုးသမီးဘောလုံး အသင်းတို့ ၂၀၂၂ ခုနှစ် ဇူလိုင် ၅ ရက်က ယှဉ်ပြိုင်ကစားစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပလျက်ရှိသော ၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ) ပထမနေ့ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းက တီမောလက်ရွေးစင်အမျိုးသမီးဘောလုံး အသင်းအား ခုနှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် မြန်မာအသင်းသည် ဇူလိုင် ၉ ရက်တွင် ကမ္ဘောဒီးယားလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက “ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ကစားခဲ့တဲ့ ကစားသမား အများစုကို အခြေခံပြီး လူငယ်ကစားသမား ၆ ဦးလောက်ကို ပေါင်းစပ်ပြီး အသင်းကို ဖွဲ့စည်းထားပါတယ်။ ကစားသမားတွေကို ဆီးဂိမ်းစ် ပြိုင်ပွဲအပြီး အနားပေးခဲ့တာဖြစ်လို့ လေ့ကျင့်ပြင်ဆင်ချိန် ၂-၃ ပတ်လောက်ရခဲ့ပါတယ်။ နောက်ဆုံးပြိုင်ပွဲမှာ မမျှော်လင့်ထားတဲ့ ရလဒ်ထွက်ခဲ့တာဖြစ်လို့ ကစားသမားတွေမှာ စိတ်ပိုင်းဆိုင်ရာ အနည်းငယ်ပြဿနာ ရှိနေတယ်။ အဲဒါကိုလည်း အကောင်းဆုံးပြန်ပြီး တည်ဆောက်ပြင်ဆင်နေပါတယ်။ ကစားသမားတွေ အနေနဲ့လည်း သူတို့ဘယ်လောက်အရည်အချင်း ရှိတယ်ဆိုတာ ပြသဖို့ ဒီပွဲမှာ အကောင်းဆုံး ကစားမယ်လို့ ယုံကြည်ပါတယ်။ ပြိုင်ပွဲမှာ အကောင်းဆုံး အမြင့်ဆုံးထိ ရောက်အောင် ကြိုးစားသွားပါမယ် ” ဟု အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပြိုင်ပွဲဝင် အသင်းများ၏ ပွဲကြို သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ) ပထမနေ့ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် တီမောလက်ရွေးစင်အမျိုးသမီးဘောလုံး အသင်းတို့ ၂၀၂၂ ခုနှစ် ဇူလိုင် ၅ ရက်က ယှဉ်ပြိုင်ကစားစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ) ပထမနေ့ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် တီမောလက်ရွေးစင်အမျိုးသမီးဘောလုံး အသင်းတို့ ၂၀၂၂ ခုနှစ် ဇူလိုင် ၅ ရက်က ယှဉ်ပြိုင်ကစားစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

မြန်မာအသင်း ပွဲထွက်လူစာရင်းတွင် မေဇင်နွယ်(ဂိုး)၊ ခင်သန်းဝေ၊ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ နန့်ဇူဇူးထက်၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ လင်းမြင့်မိုရ်၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ ခင်မိုးဝေတို့ဖြင့် စတင်ခဲ့ပြီး ပွဲချိန်ပြည့်နီးပါး တီမောအသင်းကို ဖိအားပေးကစားနိုင်ခဲ့ကြောင်း၊ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၅ မိနစ်တွင် နော်ထက်ထက်ဝေမှ အဝေးကန်သွင်းချက်ဖြင့်သွင်းယူခဲ့ပြီး ကျန်သွင်းဂိုးများကို ဂျူလိုင်ကျော်မှ ပွဲချိန် ၁၉ မိနစ်နှင့် ၃၃မိနစ်တွင်လည်းကောင်း၊ မြတ်နိုးခင်မှ ပွဲချိန် ၅၉မိနစ်နှင့် ၈၃မိနစ်တွင်လည်းကောင်း ခင်မာလာထွန်းမှ ပွဲချိန် ၃၈မိနစ် နှင့် ဝေဖူးအိမ်မှ ပွဲချိန် ၄၅ မိနစ်တွင်လည်းကောင်း အသီးသီး သွင်းယူပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “မြန်မာအသင်းရဲ့နိုင်ပွဲအပေါ် ဝမ်းသာမိပါတယ်။ မြန်မာအသင်းနည်းပြချုပ်ကလည်း အကောင်းဆုံးပြင်ဆင်နေပါတယ်။ နောက်ပွဲစဉ်တွေမှာလည်း ရလဒ်ကောင်းတွေထွက်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၆ ရက်တွင်ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.