Connect with us

Sport

မြန်မာ ယူ- ၁၉ ဘောလုံးအသင်း အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲ အား ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ -၁၉ အသင်းသည် ပြိုင်ပွဲကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ဇွန် ၂၉ ရက် ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထွက်ခွာခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။AFF U-19 Boys Championship ပြိုင်ပွဲ အား အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ- ၁၉ ဘောလုံးအသင်း ယှဉ်ပြိုင်ကစားရမည့်ပွဲစဉ်များအားတွေ့ရစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

မြန်မာ့လက်ရွေးစင် ယူ -၁၉ ဘောလုံးအသင်းတွင် အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၈ ဦး၊ ကစားသမား ၂၆ ဦး ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက “မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ ဇူလိုင် ၂ ရက်မှာ ဘရူနိုင်း လက်ရွေးစင်ဘောလုံးအသင်း ၊ ဇူလိုင် ၄ ရက်မှာ ထိုင်းလက်ရွေးစင်ဘောလုံးအသင်း၊ ဇူလိုင် ၆ရက်မှာ ဖိလစ်ပိုင်လက်ရွေးစင်ဘောလုံးအသင်း၊ ဇူလိုင် ၈ မှာ ဗီယက်နမ်လက်ရွေးစင်ဘောလုံးအသင်း၊ ဇူလိုင် ၁၀ ရက်မှာ အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးအသင်းတိုနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အကောင်းဆုံးပြင်ဆင်ထားပါတယ်’’ ဟု ဆင်ဟွာသို့ ပြောသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.