Connect with us

Sport

၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘိလိယက်အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်ဆုဆွတ်ခူးရရှိ

၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဘိလိယက်အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့သည့် မြန်မာဘိလိယက်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ၏ ဘိလိယက်အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းက ရွှေတံဆိပ်ဆု ရရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၅ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar က ဖော်ပြထားသည်။ဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ တွေ့ဆုံခဲ့ပြီး နာမည်ကြီးကစားသမား ပီတာဂေးလ်ခရစ်ဦးဆောင်သော စင်ကာပူအသင်းကို မြန်မာအသင်းက ၃-၁ ပွဲဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ တစ်ဦးချင်း ဘိလိယက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ငွေတံဆိပ်ဆုတစ်ခု ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ဒီဇင်ဘာ ၁၄ ရက်အထိ ရွှေတံဆိပ်ဆု ၃ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၃၀ ကျော် ရရှိထားကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။ (Xinhua)
———————————–
English version
Myanmar wins gold in billiard event at 33rd SEA Games
YANGON, Dec. 15 (Xinhua) — Myanmar won a gold medal in the team billiards event at the 2025 Southeast Asian Games (SEA Games) in Bangkok, Thailand, the state-owned daily The Global New Light of Myanmar reported on Monday.
In the final, Myanmar defeated Singapore’s team, led by renowned player Peter Gilchrist, 3-1, marking its first SEA Games gold medal in team billiards, the report said, adding that the country also won a silver medal in the individual billiards event.
As of Dec. 14, Myanmar had earned more than 30 medals, including three gold medals.
The 33rd SEA Games, hosted by Thailand, runs from December 9 to 20. Enditem