Connect with us

Sport

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာရှကြက်တောင်ရိုက်ပြိုင်ပွဲ၌ မြန်မာအသင်း ရွှေတံဆိပ် ၃ ဆု ရရှိ

မြန်မာ့လက်ရွေးစင်ကစားသမားများ ကြက်တောင်ရိုက်အားကစားပြိုင်ပွဲများ၌ ယှဉ်ပြိုင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာ့အလင်း)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ဇူလိုင် ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိသည့် BADMINTON ASIA REGIONAL CHAMPIONSHIPS 2025 (Southeast Asia)Mixed Team & Individual Event ပြိုင်ပွဲတွင် မြန်မာကြက်တောင် လူငယ်လက်ရွေးစင်များက ရွှေတံဆိပ်ဆု ၃ခု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်၏ ဇူလိုင် ၁၀ သတင်းအရ သိရသည်။အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကစားသမား ၄ ဦးပါသော အသင်း ၃ သင်းဖြင့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

မြန်မာ့လက်ရွေးစင်ကစားသမားများ ကြက်တောင်ရိုက်အားကစားပြိုင်ပွဲများ၌ ယှဉ်ပြိုင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာ့အလင်း)

U15၊ U17 နှင့် U23 အသင်း ပြိုင်ပွဲများတွင် ရွှေတံဆိပ်များ ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။မြန်မာ့လက်ရွေးစင်ကစားသမားများသည် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း၊ အမျိုးသား၊ အမျိုးသမီး ရောနှောပြိုင်ပွဲများ အပါအဝင် တစ်ဦးချင်းပွဲစဉ်များကို ဇူလိုင် ၁၀ ရက်မှ ၁၂ ရက်အထိ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။ (Xinhua)

Key Word-#ကြက်တောင်ရိုက်ပြိုင်ပွဲ #ကမ္ဘောဒီးယားနိုင်ငံ #ရွှေတံဆိပ်ဆု

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.