News
ဟန်ကျိုး အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည့် ပြည်ပနိုင်ငံ ခေါင်းဆောင်များ တရုတ်နိုင်ငံသို့ ရောက်ရှိလာ

ဟန်ကျိုး၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည့် ပြည်ပနိုင်ငံ ခေါင်းဆောင်များ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

ဆီးရီးယားနိုင်ငံ သမ္မတ Bashar al-Assad တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့သို့ ရောက်ရှိလာသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

အရှေ့တီမောနိုင်ငံ ဝန်ကြီးချုပ် Xanana Gusmao တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့သို့ ရောက်ရှိလာသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၁ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းမှ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းအတွင်း ကူဝိတ်နိုင်ငံ အိမ်ရှေ့စံမင်းသား Sheikh Mishal Al-Ahmad Al-Jaber Al-Sabah ၊ ဆီးရီးယားနိုင်ငံ သမ္မတ Bashar al-Assad ၊ အရှေ့တီမောနိုင်ငံ ဝန်ကြီးချုပ် Xanana Gusmao ၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni ၊ မလေးရှားနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Johari bin Abdul ၊ တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ် Han Duck-soo ၊ နီပေါနိုင်ငံ ဝန်ကြီးချုပ် Pushpa Kamal Dahal Prachanda တို့က လေယာဉ်ဖြင့် အသီးသီး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။၁၉ ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းနားကို စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် ဟန်ကျိုးမြို့ အိုလံပစ်စင်တာ အားကစားကွင်း၌ ကျင်းပမည် ဖြစ်သည်။ (Xinhua)
—————————
(杭州亚运会)来华出席杭州亚运会开幕式的外国领导人陆续抵达
新华社杭州9月23日电(记者邵艺博、殷晓圣)来华出席杭州第19届亚洲运动会开幕式的外国领导人陆续抵达浙江省杭州市。
9月21日上午至23日上午,科威特王储米沙勒、叙利亚总统巴沙尔、东帝汶总理夏纳纳、柬埔寨国王西哈莫尼、马来西亚国会下议院议长佐哈里、韩国总理韩德洙、尼泊尔总理普拉昌达先后乘飞机抵达。
杭州第19届亚洲运动会开幕式9月23日晚在杭州奥体中心体育场举行。
1. 9月21日上午,来华出席杭州亚运会开幕式的科威特王储米沙勒抵达浙江省杭州市。
2. 9月21日下午,来华出席杭州亚运会开幕式的叙利亚总统巴沙尔抵达浙江省杭州市。
3. 9月21日晚,来华出席杭州亚运会开幕式的东帝汶总理夏纳纳抵达浙江省杭州市。