International Organizations
China Open တင်းနစ်ပြိုင်ပွဲ ဘက်စုံသတင်း – အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် Carlos Alcaraz ချန်ပီယံရရှိ၊ ကျိန့်ချင်းဝိန်က ကွာတားဖိုင်နယ်သို့ တက်လှမ်း
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂ ရက်က ယှဉ်ပြိုင်ခဲ့သော China Open တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲတွင် စပိန်လက်ရွေးစင် Alcaraz က ၆-၇ (၆)၊ ၆-၄၊ ၇-၆ (၃) အမှတ်များဖြင့် ထိပ်တန်းလက်ရွေးစင်၊ အီတလီကစားသမား Sinner ကို အနိုင်ရပြီး China Open တွင် ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့သည်။ အမျိုးသမီးပြိုင်ပွဲတွင် အိုလံပစ်ချန်ပီယံ ကျိန့်ချင်းဝိန်က တန်ပြန် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းခဲ့သည်။ထိုနေ့ အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲသည် အလွန်ပင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရရာ Alcaraz သည် ၃ နာရီကျော်ကြာ ပြင်းထန်သော ယှဉ်ပြိုင်မှုတွင် ‘အနိုင်အရှုံးဆုံးဖြတ်ပွဲ’ (tiebreaker) ၂ ကြိမ် ကြုံတွေ့ခဲ့ရပြီး ချန်ပီယံ Sinner ၏ ၁၅ ပွဲ ဆက်တိုက် အနိုင်ရရှိမှုနှင့် China Open တွင် ၎င်း၏ ရှုံးပွဲမရှိစံချိန်ကို အဆုံးသတ်စေခဲ့သည်။ ဆန္ဒအတိုင်း ဆုဖလားကို အောင်မြင်စွာ ဆွတ်ခူးပြီးနောက် ဤကဲ့သို့ ရင်သပ်ရှုမောဖွယ်ကောင်းသော ပြိုင်ပွဲသည် တင်းနစ်အားကစားအတွက် အလွန်အနက်အဓိပ္ပါယ်ရှိကြောင်း Alcaraz က ပြောကြားခဲ့သည်။
အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် တရုတ်လက်ရွေးစင် ကျိန့်ချင်းဝိန်က အမေရိကန်လက်ရွေးစင် Amanda Anisimova ကို ၃-၆၊ ၆-၁၊ ၆-၂ အမှတ်များဖြင့် တန်ပြန် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
US Open တွင် မကြာသေမီးကမှ ကြုံတွေ့ခဲ့ရသော ပြိုင်ဘက်နှင့် ယှဉ်ပြိုင်ရာ၌ ကျိန့်ချင်းဝိန်သည် ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့သော်လည်း နောက်ပိုင်းတွင် အနေအထားကို လျင်မြန်စွာ ပြောင်းလဲခဲ့ပြီး ဒုတိယနှင့် စတုတ္ထပွဲများတွင် တစ်ဖက်၏ စပေးအလှည့်တွင် မိမိအမှတ်ရအောင် ကစားနိုင်ခဲ့ကာ ဒုတိယပွဲငယ်တွင် ၆-၁ မှတ်ဖြင့် အနိုင်ရခဲ့သည်။ နောက်ဆုံးဖိုင်နယ်ပွဲငယ်တွင် ကျိန့်ချင်းဝိန်သည် ၎င်း၏အရှိန်ကိုထိန်းထားပြီး နှစ်ကြိမ် တစ်ဖက်၏ စပေးအလှည့်တွင် အမှတ်ရကာ ကစားနိုင်ခဲ့ရာ နောက်ဆုံးတွင် ၎င်း၏ စပေးအလှည့်တွင် စတုတ္ထမြောက် နောက်ဆုံး အနိုင်အရှုံးဆုံးဖြတ်သည့် အမှတ် (match point) ရရှိခဲ့ပြီး ၆-၂ မှတ်ဖြင့် ပြိုင်ပွဲတွင်အနိုင်ရခဲ့သည်။
ပြိုင်ပွဲတစ်ခုလုံးသည် ညသန်းခေါင်အထိ ၂ နာရီ ၂၀ မိနစ် ကြာမြင့်ခဲ့ပြီး အပူချိန်မှာ ၁၀ ဒီဂရီစင်တီဂရိတ်အောက် ကျဆင်းသွားခဲ့သည်။ ပြိုင်ပွဲကို အခိုင်အမာစောင့်ကြည့်ခဲ့သော၊ မိမိကို အားပေးသော ကွင်းထဲရှိ ပရိသတ်များကို ရင်ချိန်ရချိန်တွင် “အခုဒီလောက်နောက်ကျ၊ ပေကျင်းမှာ ဒီလောက်ချမ်းအေးနေတာကို အားလုံးက ကျွန်မကို အားပေးနိုင်ကြသေးလို့ တကယ်ကို အလွန်ကြည်နူးမိပါတယ်” ဟု ကျိန့်ချင်းဝိန်က အနိုင်ရပြီးနောက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ကျိန့်ချင်းဝိန်သည် ကွာတားဖိုင်နယ်တွင် အသက် ၁၇ နှစ်အရွယ် ရုရှားအားကစားသမား Mirra Andreeva နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၎င်းမှာ ယခုနှစ် France Open တွင် ဘီလာရုဇ် နာမည်ကျော် အားကစားသမား Aryna Sabalenka ကို အံ့ဩဖွယ်အနိုင်ရရှိခဲ့သူဖြစ်သည်။ (Xinhua)
………………………………………
(Chinese Version)
中网综合 | 阿卡首夺男单冠军 郑钦文晋级八强
新华社北京10月2日电(记者杨博毅、李博闻)在2日进行的中国网球公开赛男单决赛中,西班牙选手阿尔卡拉斯以6:7(6)、6:4 、7:6(3)战胜头号种子、意大利选手辛纳,首度加冕中网冠军。女子方面,奥运冠军郑钦文逆转晋级八强。
当日的男单决赛异常胶着,阿尔卡拉斯在3个多小时的鏖战中经历两次“抢七”,终结了卫冕冠军辛纳的15连胜和在中网的不败纪录。如愿捧杯之后,阿尔卡拉斯表示,这样的精彩比赛对网球运动有很大意义。
“我认为我和辛纳今天呈现的比赛对于网球运动很有意义,我们打出了一场激烈的比赛。对那些平时不关注网球的人来说,这场比赛可能会激励他们开始关注甚至练习网球。”阿尔卡拉斯说。
女单方面,中国选手郑钦文以3:6、6:1、6:2逆转战胜美国选手阿尼西莫娃,晋级八强。
面对美网刚刚遭遇过的对手,郑钦文首盘失利,但随后她迅速调整状态,分别在第二局、第四局破发,以6:1拿下第二盘。进入决胜盘,郑钦文保持势头,两度破发;最终在自己的发球局兑现第四个赛点,以6:2拿下比赛。
整场比赛耗时2小时20分钟直至午夜时分,气温也已跌破10摄氏度。面对坚守赛场、为自己加油打气的现场观众,郑钦文在晋级后表达了谢意:“现在这么晚,北京这么冷,大家还能支持我,真的非常暖心!”
郑钦文将在四分之一决赛中对阵17岁的俄罗斯小将米拉·安德烈耶娃,后者曾在今年法网爆冷战胜白俄罗斯名将萨巴伦卡。
图说1:10月2日,阿尔卡拉斯在颁奖仪式上。新华社记者 白雪飞 摄
图说2:10月2日,阿尔卡拉斯(左)与辛纳在颁奖仪式上。
图说3:10月2日,郑钦文在比赛中向对手示意。