Connect with us

Africa & Middle East

ဂါဇာမြို့ လူနေရပ်ကွက်တစ်ခုတွင် သေဆုံးသူ ၆၀ ကျော် တွေ့ရှိ

ဂါဇာမြို့ Shujaiya ရပ်ကွက်ရှိ အပျက်အစီများကြား ဖြတ်သန်းသွားလာသူများအား ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း ဆေးကုသရေးနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့က အစ္စရေးစစ်တပ်ဆုတ်ခွာသွားသည့် ဂါဇာမြို့ Shujaiya လူနေရပ်ကွက်၌ သေဆုံးသူ ၆၀ ကျော်နှင့် အပျက်အစီးများကြားတွင် ဒါဇင်နှင့်ချီ ပိတ်မိနေသူများကို တွေ့ရှိရကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ (WAFA) က ဇူလိုင် ၁၁ ရက်တွင် ဖော်ပြထားသည်။

အစ္စရေးစစ်တပ်သည် Shujaiya ရှိ လူနေအဆောက်အဦ၊ ဆေးရုံဆေးခန်း၊ ရပ်ရွာ ရင်ပြင်၊ လမ်းနှင့် အခြေခံအဆောက်အဦ ၈၅ ရာခိုင်နှုန်းကျော်ကို ဖျက်ဆီးခဲ့ပြီး ဘေးလွတ်ရာသို့ ထွက်ခွာနေကြသည့် လူအချို့ကို တိုက်ခိုက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ လက်ရှိ အစ္စရေးတပ်များက ဂါဇာမြို့ နေရာအများအပြားတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၁၀ ရက်တွင် Shujaiya ၌ ရက်သတ္တပတ် နှစ်ပတ်ကြာ စစ်ရေးလှုပ်ရှားမှုများ ပြီးစီးခဲ့ကြောင်း၊ ပါလက်စတိုင်း လက်နက်ကိုင်များ အသုံးပြုသည့် ဥမင်လမ်းကြောင်းများကို ဖျက်ဆီးခဲ့ရာ ၎င်းဥမင်လမ်းကြောင်းများတွင် လက်နက်များ၊ လက်စွဲကွန်ပြူတာများ(Laptops)နှင့် ဆက်သွယ်ရေးသုံး ပစ္စည်းများ တွေ့ရှိရကြောင်း အစ္စရေး ကာကွယ်ရေးတပ် (IDF) က ယင်းနေ့၌ ထုတ်ပြန်ပြောကြားခဲ့သည်။
ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၁ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြောင့် သေဆုံးရသူ ၅၀ ဦး၊ ဒဏ်ရာရသူ ၅၂ ဦး ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက် ပါလက်စတိုင်း- အစ္စရေး ပဋိပက္ခ အသစ်တစ်ဖန်ဖြစ်ပွားသည့်အချိန်မှစ၍ အစ္စရေး၏ ဂါဇာကမ်းမြောင် စစ်ရေးလှုပ်ရှားမှုများကြောင့် သေဆုံးရသော ပါလက်စတိုင်း ၃၈,၀၀၀ ကျော်၊ ဒဏ်ရသူ ၈၈,၀၀၀ ကျော် ရှိကြောင်း သိရသည်။ (Xinhua)

…………………………
(Chinese Version)
加沙城一社区发现60多具遗体
新华社加沙7月11日电(记者黄泽民)据巴勒斯坦通讯社11日报道,巴勒斯坦医疗和救援人员在以色列军队撤离后的加沙城舒加艾耶社区,发现60多具遗体,另有数十人被困在废墟下。
报道说,以军摧毁了舒加艾耶社区超过85%的住宅以及诊所、社区广场、街道和基础设施,还袭击了部分正在撤离的民众。目前以军在加沙城多地继续开展军事行动。   以色列国防军10日发表声明说,以军当天结束在舒加艾耶社区长达两周的军事行动,摧毁巴勒斯坦武装人员使用的多条地道,并在地道内发现武器、笔记本电脑和通信设备。   据巴勒斯坦加沙地带卫生部门11日发布的数据,过去24小时内,以军在加沙地带的军事行动造成50人死亡,52人受伤。去年10月7日新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超过3.8万巴勒斯坦人死亡、逾8.8万人受伤。(完)
1. 7月11日,在加沙城舒加艾耶社区,民众穿过废墟。