Connect with us

China

အီသီယိုးပီးယားနိုင်ငံတွင် မြေပြိုမှုကြောင့် သေဆုံးသူ ၁၄၆ ဦးအထိ မြင့်တက်လာ

အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်း Geze Gofa ဒေသ၊ မြေပြိုမှု ဖြစ်ပွားသောနေရာ၌ စုဝေးနေသူများကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဒစ်အာဘာဘာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
အီသီယိုးပီးယားနိုင်ငံတောင်ပိုင်း Geze Gofa ဒေသတွင် ဇူလိုင် ၂၂ ရက်က မြေပြိုမှုကြောင့် သေဆုံးသူ ၁၄၆ ဦးအထိ ရှိခဲ့ကြောင်း ၎င်းဒေသဆိုင်ရာ အစိုးရက ဆိုရှယ်မီဒီယာတွင် ဇူလိုင် ၂၃ ရက်၌ ကြေညာခဲ့သည်။

သေဆုံးသူများတွင် အမျိုးသား ၉၆ ဦးနှင့် အမျိုးသမီး ၅၀ ဦး ပါဝင်ကြောင်း Geze Gofa ဒေသဆိုင်ရာ အစိုးရက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသောကြောင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း ဒေသဆိုင်ရာ အစိုးရအရာရှိများက ပြောကြားခဲ့သည်။
လက်ရှိတွင် အီသီယိုးပီးယားနိုင်ငံ၌ မိုးရာသီကာလဖြစ်ပြီး စက်တင်ဘာလလယ်အထိ ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ အီသီယိုးပီးယားနိုင်ငံ အချို့ဒေသများတွင် မြေပြိုမှုဖြစ်ပွားရခြင်း အဓိကအကြောင်းရင်းမှာ မိုးဆက်တိုက်ရွာသွန်းခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………..
(Chinese Version)
埃塞俄比亚山体滑坡死亡人数升至146人
亚的斯亚贝巴,2024年7月23日
新华社亚的斯亚贝巴7月23日电(记者刘方强)埃塞俄比亚南部盖泽戈法地区政府23日在社交媒体上通报说,该地区22日发生的山体滑坡死亡人数已升至146人。
盖泽戈法地区政府说,遇难者中包括96名男性和50名女性。当地政府官员表示,随着救援工作继续进行,遇难人数可能进一步增加。
埃塞俄比亚目前正值雨季,预计持续到9月中旬。持续降雨是导致埃塞俄比亚一些地区发生山体滑坡的主要原因。(完)
图说:7月22日,人们聚集在埃塞俄比亚南部盖泽戈法地区的山体滑坡事故现场。新华社发