Connect with us

News

ကြွေးမြီ တစ်ဟုန်ထိုးမြင့်တက်ခြင်းက အမေရိကန်ဒေါ်လာအပေါ် နိုင်ငံတကာ၏ ယုံကြည်မှုကို ရိုက်ခတ်စေသလို နိုင်ငံအများအပြား၏ “အမေရိကန်ဒေါ်လာ အမှီပြုမှု လျှော့ချရေး” အရှိန်ကို တိုးမြင့်စေ

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ ဘဏ္ဍာရေးဝန်ကြီးဌာနအဆောက်အဦအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဖက်ဒရယ်အစိုးရ၏ ကြွေးမြီ စုစုပေါင်းပမာဏမှာ ပထမဆုံးအကြိမ်အဖြစ် ကန်ဒေါ်လာ ၃၅ ထရီလီယံကျော် ရှိကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် နောက်ဆုံးကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရ ချေးငွေ အတိုင်းအဆမရှိ ဖြစ်နေခြင်းသည် နိုင်ငံတကာငွေကြေးစနစ်တွင် ကန်ဒေါ်လာစိုးမိုးခြင်းကို ဆုံးရှုံးမှု၊ ကုန်ခန်းမှု ဖြစ်စေမည် ဖြစ်ကြောင်း၊ အမေရိကန် စီးပွားရေးစဉ်ဆက်မပြတ်ဖြစ်မှုအပေါ် သက်ရောက်သလို အမေရိကန် အစိုးရအပေါ် ယုံကြည်မှုကို တိုက်စားနိုင်ကြောင်း ပညာရှင်များက ယူဆကြသည်။

ယခုနှစ်များတွင် အမေရိကန် ကြွေးမြီ အဆက်မပြတ် လျင်မြန်စွာ ကြီးထွားလာပြီး အမေရိကန် အစိုးရ ကြွေးမြီ တောက်လျှောက် “တစ်ဟုန်ထိုး” မြင့်တက်လာရာ ၂၀၂၃ ခုနှစ် ဇွန်လတွင် ကန်ဒေါ်လာ ၃၂ ထရီလီယံကျော်၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၃၄ ထရီလီယံသို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းမှာ အမေရိကန်လွှတ်တော် ဘတ်ဂျက်ရုံး၏ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကြိုတင်ခန့်မှန်းချက်ထက် ၅ နှစ်စောကြောင်း သိရသည်။

ကြွေးမြီအကျင့်ဖြစ်၍ ဆိုးရွားသည့်တိုးတက်မှုပုံစံသို့ ကျဆင်း

အမေရိကန်အစိုးရသည် ကြွေးမြီအကျင့်ဖြစ်ပြီး ကြိုသုံးငွေဖြင့် ဆိုးရွားသည့် တိုးတက်မှုပုံစံသို့ ကျဆင်းသွားပြီ ဖြစ်ကြောင်း Fudan တက္ကသိုလ် ပါမောက္ခ စိန်ရိက ဆိုသည်။
တစ်ဖက်တွင် ၁၉၈၀ ပြည့်လွန်နှစ်များက အမေရိကန်နိုင်ငံသည် နီယိုလစ်ဘရယ်စီးပွားရေးမူဝါဒကို ကျင့်သုံးရာ ၎င်း၏အဓိကစီမံအုပ်ချုပ်မှုဒဿနမှာ အခွန်လျှော့ချခြင်း ဖြစ်သည်။ ထို့ကြောင့် အမေရိကန် လူမှုအသိုက်အဝန်း ၏ ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားလာသလို အမေရိကန်အစိုးရ၏ အခွန်ဝင်ငွေမှတစ်ဆင့် ခွဲဝေသုံးစွဲနိုင် သည့် ဘဏ္ဍာဝင်ငွေ လျော့နည်းသွားပေသည်။ ဘဏ္ဍာငွေပံ့ပိုးမှု မလုံလောက်ခြင်းကြောင့် အစိုးရအနေဖြင့် ချေးငွေပုံစံဖြင့်သာ ဆောင်ရွက်နိုင်ပေသည်။

အခြားတစ်ဖက်တွင်လည်း အမေရိကန်နိုင်ငံ ပြိုင်ဘက်ပါတီ နှစ်ပါတီ၏ နိုင်ငံရေးက ထိုကဲ့သို့သော ကြွေးမြီအကျင့်ဖြစ်နေမှုကို ပို၍ ဆိုးရွားစေခဲ့သည်။ အကယ်၍ ပါတီတစ်ခုက အခွန်တိုးမြှင့်မည်ဟု အဆိုပြုလျှင် အခြားပါတီက ထို့အပေါ် ထိုးနှက်တိုက်ခိုက်မည် ဖြစ်ပြီး အထူးသဖြင့် အခွန်တိုးမြှင့်ရေးမူဝါဒသည် ချမ်းသာသည့် လူတန်းစားအလွှာကို ဦးတည်သည့်အခါ အကျိုးစီးပွားသက်ဆိုင်သည့်အစုအဖွဲ့များက မူဝါဒအကောင်အထည်ဖော်မှုများကို ဟန့်တားမည် ဖြစ်ပေသည်။ အမေရိကန်၏ ပြည်ပမဟာဗျူဟာမှာ ဗိုလ်ကျစိုးမိုးရေးမဟာဗျူဟာဖြစ်ပြန်ရာ ရုရှား-ယူကရိန်းနှင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ စသည်တို့က အစိုးရ၏ အသုံးစရိတ်ကို ဆက်တိုက် မြင့်တက်လာစေသည်။ “အသုံးစရိတ်ချွေတာဖို့က မဖြစ်နိုင်၊ ငွေပင်ငွေရင်းက ပြဿနာဖြစ်နေတော့ ငွေချေးဖို့ပဲရှိတော့တာပေါ့” ၊ ၎င်းမှာ အမေရိကန်အစိုးရက နိုင်ငံ့ကြွေးမြီကို အားထားနေရခြင်း၊ ကြွေးမြီဖြင့် မောင်းနှင်လည်ပတ်နေရသည့် စီမံအုပ်ချုပ်မှုပုံစံ ဖြစ်စေကြောင်း စိန်ရိက ပြောကြားခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် ပါတီခွဲနိုင်ငံရေးနှင့် အလှည့်ကျတာဝန်ယူမည့် စိတ်ကူး အတိအလင်းရှိကြကြောင်း၊ ၎င်းတို့အတွက်ဆိုရလျှင် မိမိတာဝန်ယူသည့်ကာလ၌ ကြွေးမြီပြဿနာမပေါ်ပါက မိမိအနေဖြင့် မည်သို့သော စိတ်ဖိအား ဝန်ထုပ်ဝန်ပိုးမျှ မရှိဘဲ ပုံစံကျ ကြိုသုံးငွေဖြင့် လည်ပတ်၍ရကြောင်း စိန်ရိက ဆိုသည်။

ယခုနှစ်သည် အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲနှစ် ဖြစ်ပြီး ပါတီနှစ်ရပ်အကြား အကြိတ်အနယ်တိုက်ခိုက်နေကြသော်လည်း ကြွေးမြီအထိန်းအကွပ်မဲ့ဖြစ်နေသည့် အန္တရာယ်ကိုမူ မတိုင်ပင်ဘဲ အတူ မျက်ကွယ်ပြုထားကြပေသည်။ “ရွေးကောက်ပွဲရောက်ရန် ရက် ၁၀၀ တောင်မလိုတော့ပါဘူး။ ဒါပေမဲ့ ဒီအချိန်တိုအတွင်းမှာတောင်မှ ကျွန်တော်တို့ရဲ့ ကြွေးမြီက ကန်ဒေါ်လာ ၁ ထရီလီယံတိုးလာနိုင်တယ်လို့ ခန့်မှန်းရတယ် ” ၊ “ဒါကို ပြဿနာမဟုတ်ဘူးလို့ တောက်လျှောက် ဟန်ဆောင်နေလို့မရဘူး”ဟု Peter G. Peterson Foundation အမှုဆောင်အရာရှိချုပ် Michael A. Peterson က ပြောကြားခဲ့သည်။

အဆိပ်ရည်သောက်ပြီး ရေငတ်ဖြေသည့် နည်းလမ်းက အမေရိကန်အစိုးရအပေါ် ယုံကြည်မှုကို တိုက်စားနိုင်

ဧရာမကြွေးမြီကို ရင်ဆိုင်ရာတွင် အမေရိကန်နိုင်ငံရေးနှင့် စီးပွားရေးလောကမှ လူပုဂ္ဂိုလ်များနှင့် နိုင်ငံအများအပြားရှိ စီးပွားရေးပညာရှင်များက စိုးရိမ်ကြရာ “အဆိပ်ရည်သောက်ပြီး ရေငတ်ဖြေ” သည့် လုပ်ဆောင်မှုမှာ အမေရိကန်နိုင်ငံကိုယ်တိုင်နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်အတွက် ကြီးမားသော မမြင်ရသည့်အန္တရာယ်များ ဖြစ်စေသည်ဟု ယူဆကြသည်။ သို့သော် အမေရိကန်အစိုးရအနေဖြင့် မိမိလုပ်ချင်ရာကိုသာ တစ်ဇွတ်ထိုးလုပ်ဆောင်ဆဲဖြစ်သည်။

အမေရိကန်အစိုးရ ယခုလို ခေါင်းမာနေခြင်း၏ အားကိုးရာမှာ အမေရိကန်ဒေါ်လာစိုးမိုးခွင့်ဖြစ်သော အမေရိကန်ပြည်ထောင်စု အရန်ငွေစနစ်မှ ကန်ဒေါ်လာအဆက်မပြတ် ထုတ်လုပ်နိုင်ခြင်းကြောင့် ဖြစ်ပြီး ကန်ဒေါ်လာကိုင်သည့် ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံမည့်သူအကန့်အသတ်ရှိခြင်းကြောင့် ပိုလျှံနေသည့် ကန်ဒေါ်လာများကို အမေရိကန်ချေးငွေအဖြစ် ရင်းနှီးမြှုပ်နှံကြသည်ဟု စိန်ရိက ယူဆသည်။ သို့သော် အတိုင်းအဆမရှိ ကန်ဒေါ်လာထုတ်ဝေနေခြင်းသည် အမေရိကန်ချေးငွေ ယုံကြည်မှုအဆင့်ကို ကျဆင်းစေသည်။

ထိုမတိုင်မီ အားလုံးက အမေရိကန်နိုင်ငံ၏ ကြီးမားသည့် ဘဏ္ဍာရေးစနစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအားသာချက်က အမေရိကန်နိုင်ငံ ချေးငွေဒေဝါလီခံရမည်မဟုတ်သလို နိုင်ငံတကာငွေကြေးစနစ်တွင် ကန်ဒေါ်လာကို အစားထိုးမရဟူ၍ ယူဆကြကြောင်း ၊ သို့သော် ယနေ့အခါ အမေရိကန်အစိုးရ၏ ချေးငွေ အတိုင်းအဆ မရှိခြင်း ဖြစ်လာသည်နှင့်အတူ ကန်ဒေါ်လာ၏ ယုံကြည်မှုက ကျဆင်းလာပြီး အစားထိုးမရ ဆိုသည်မှာ ပျောက်ဆုံးသွားကြောင်း၊ ကန်ဒေါ်လာ စိုးမိုးခြင်းက ကမ္ဘာ့စီးပွားရေး မတည်ငြိမ်ရသော အကြောင်းတရား ဖြစ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကမ္ဘာက အမေရိကန်ရဲ့ ပြန်ပေးဆွဲမှုကို မလိုလားပါဘူး”၊ နိုင်ငံအများအပြားက “ကန်ဒေါ်လာ အမှီပြုမှု လျှော့ချရေး” ကို လက်တွေ့တွင် အရှိန်မြှင့်ဆောင်ရွက်နေကြောင်း စိန်ရိက ပြောကြားခဲ့သည်။ နိုင်ငံတကာ ငွေကြေးစနစ်တွင် ရွေးချယ်မှုအသစ်များ ထွက်ပေါ်လာရာ ဆင်ခြင်တုံတရားရှိသည့် ရင်းနှီးမြှုပ်နှံသူများက ငွေကြေးပုံစံ အများအပြားဖြင့် ရင်းနှီးမြှုပ်နှံကာ ကန်ဒေါ်လာတန်ဖိုး မရေရာမှုမှ ဖြစ်ပွားလာမည့် အန္တရာယ်ကို နည်းလမ်းရှာ ရှောင်ရှားကြမည် ဖြစ်ပေသည်။ (Xinhua)

………………………….
(Chinese Version)
纵论天下|专家:债务狂飙冲击美元国际信用,多国提速“去美元化”
新华网北京8月1日电(杨洋)美国财政部公布的最新数据显示,美国联邦政府债务总额首次超过35万亿美元。专家认为,美国政府借债无度,将过度消耗甚至透支美元在国际货币体系中的霸权地位,影响美国经济可持续性,反噬美国政府信用。
近年来,美债不断加速“滚雪球”,美国政府债务一路“狂飙”,2023年6月突破32万亿美元;2023年12月达34万亿美元,比美国国会预算办公室2020年1月的预测提前了5年。
举债成瘾 陷入恶性发展模式
复旦大学教授沈逸表示,美国政府举债成瘾,寅吃卯粮,已陷入一种恶性发展模式。一方面,20世纪80年代,美国实行新自由主义经济政策,其核心治理逻辑为减税,这导致美国社会贫富差距扩大,美国政府通过税收可支配的财政收入下降。财政供给不足,政府只能通过举债方式获得。
另一方面,美国竞争性的两党政治加剧了这种举债成瘾。如果一党主张加税,另一党就会对其进行攻击,尤其是当加税政策指向了富人阶层,相关利益集团会阻碍政策落地。美国对外战略又是霸权性战略,俄乌和巴以冲突等导致政府开支持续上升。“节流做不到,开源又成问题,只能借债”,沈逸说,这形成了美国政府对国债的依赖,形成了债务驱动型治理模式。
沈逸说,美国政府有很明确的党派政治和轮流坐庄的想法。对他们来说,只要我任期内债务问题不暴雷,我就没有任何心理负担,可以习惯性地寅吃卯粮。
今年是美国大选年,两党激战正酣,却不约而同对债务失控的威胁视而不见。“距离大选不到100天了,但即使在这短短的时间内,我们的债务预计还会增加1万亿美元。”美国彼得·彼得森基金会首席执行官迈克尔·彼得森说,“不能一直假装这不是问题。”
饮鸩止渴 将反噬美国政府信用
面对巨额债务,美国政商界人士与多国经济学家表示担忧,认为“饮鸩止渴”之举将对美国自身与全球经济体系带来重大隐患。然而,美国政府依旧我行我素。
沈逸认为,美国政府如此任性,仰仗的是美元霸权——美联储不断增发美元,持有美元的投资者又因投资对象受限把美元盈余投资到美债。但肆无忌惮的美元增发会导致美债信用等级的下降。
他说,之前,大家觉得美国庞大的金融体系与发展优势不会让美国信用面临破产,且美元在国际货币体系中具有不可替代性。但如今,伴随美国政府借贷无度导致的美元信用走低,以及不可替代性的消逝,美元霸权已成为威胁世界经济的不稳定因素。
“世界不愿受到美国绑架。”沈逸表示,许多国家“去美元化”实践正提速。国际货币体系中出现了新选择,更多理性的投资者一定会通过多元投资来规避美元价值的不确定性及引发的风险。
1. 这是2023年1月20日在美国首都华盛顿拍摄的财政部大楼。新华社发(刘杰摄)