News
လေ့ကျင့်ရေးကွင်းအဖြစ် ပြောင်းလဲထားသော စင်္ကြံလမ်း၊ အစည်းအဝေးခန်းမ၊ ကန်တင်းတို့မှ မီလန် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲသို့ သွားရောက်ကြမည့် အားကစားသမားများ
အားအယ်ဆန်း (အတွင်းမွန်ဂိုလီးယား)၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝေဟင်ကျွမ်းကျင်မှု အလွတ်တန်း နှင်းလျှောစီးခြင်း (Freestyle skiing aerials) အမျိုးသား စုစည်းလေ့ကျင့်ရေးအဖွဲ့သည် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ အားအယ်ဆန်းမြို့၌ အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ဆောင်းရာသီ သီးသန့်လေ့ကျင့်မှု လုပ်ဆောင်လျက်ရှိသည်။ အဖွဲ့ဝင်များသည် လေပြင်းဆီးနှင်းများကြားတွင် ကျွမ်းကျင်မှုများမြှင့်တင်ရန် လေ့ကျင့်မှု၊ စိတ်ဓာတ်ကြံ့ခိုင်စေရန် လေ့ကျင့်မှု လုပ်ဆောင်ခဲ့ကြပြီး လာမည့်နှစ် အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပမည့် ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲအတွက် ခွန်အားများ စုဆောင်းခဲ့သည်။အားအယ်ဆန်းမြို့သည် အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရှေ့မြောက် တာ့ရှင်းအန်းလျင်ခရိုင်အဆင့်မြို့ အနောက်တောင်ဘက် တောင်ခြေတွင် တည်ရှိသည်။ ယင်းနေရာသည် ဆီးနှင်းကျသောကာလကြာမြင့်၍ ဆီးနှင်းအရည်အသွေးကောင်းမွန်ပြီး ဆီးနှင်းစောစောကျသည့်အပြင် ဆီးနှင်းအရည်ပျော်မှု နောက်ကျသည်။ ၂၀၀၃ ခုနှစ်မှစတင်၍ ဝေဟင်ကျွမ်းကျင်မှု အလွတ်တန်း နှင်းလျှောစီးခြင်း တရုတ်အမျိုးသား စုစည်းလေ့ကျင့်ရေးအဖွဲ့သည် ဤနေရာကို ဆောင်းရာသီ လေ့ကျင့်ရေးစခန်းအဖြစ် အသုံးပြုခဲ့ပြီး နှစ်စဉ် နိုဝင်ဘာလခန့်တွင် ဤနေရာ၌ တစ်လခန့် ကြာမြင့်သည့် လေ့ကျင့်မှုများ လုပ်ဆောင်လေ့ရှိသည်။

အဖွဲ့ဝင်များ၏ နေ့စဉ်လေ့ကျင့်မှုများသည် ပုံမှန်အားဖြင့် နံနက်အစောပိုင်းတွင် စတင်လေ့ရှိသည်။ ဝေလီဝေလင်းချိန်ကတည်းက ၎င်းတို့သည် ဟိုတယ်စင်္ကြံလမ်း၊ အစည်းအဝေးခန်းမနှင့် ဓာတ်လှေကားတံခါးများရှေ့တွင်ပင် အကြောလျှော့ခြင်းနှင့် သွေးပူလေ့ကျင့်ခန်းများ စတင်ပြုလုပ်နေပြီဖြစ်သည်။
ရိုးရှင်းသော မနက်စာစားပြီးနောက် ၎င်းတို့သည် နှင်းလျှောစီးကွင်းသို့ရောက်ရှိလာကာ လေအေးဒဏ်ကို ကြံ့ကြံ့ခံရင်း အမြင့်မှခုန်၍ နှင်းလျှောစီးကာဆင်းလာခြင်း၊ လှည့်ပတ်ခြင်း၊ ဆင်းသက်ခြင်း တို့ကို အကြိမ်ကြိမ် ပြုလုပ်ရင်း လှုပ်ရှားမှုတစ်ခုစီ၏ အသေးစိတ်ကို အာရုံစိုက်ကာ ပြောင်မြောက်အောင်လေ့ကျင့်ကြသည်။

သုံးနာရီကြာ ဝေဟင်ကျွမ်းကျင်မှု နှင်းလျှောစီးလေ့ကျင့်မှု လုပ်ဆောင်ပြီးနောက် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ဟိုတယ်အနီးရှိ ကန်တင်းအား ပြုပြင်ပြောင်းလဲထားသော ယာယီကိုယ်ကာယလေ့ကျင့်ရေးခန်းမသို့ သွားရောက်ကာ သက်လုံအားနှင့် ခွန်အားလေ့ကျင့်မှုများ ပြုလုပ်ကြသည်။ အဖွဲ့ဝင်များအနေဖြင့် ဗဟိုချက်အင်အား၊ ရုတ်ခြည်းအင်အားသုံးသည့်စွမ်းရည်နှင့် ပျော့ပျောင်းမှု စသည့် လေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်သည့် တစ်ချိန်တည်းတွင် ကောင်းမွန်သော အနေအထားကို ထိန်းသိမ်းထားနိုင်ခြင်းအား အာမခံနိုင်ရန်အတွက် ကိုယ်ကာယ နည်းပြသည် အဖွဲ့ဝင်တစ်ဦးစီ၏ ခန္ဓာကိုယ်အခြေအနေအလိုက် လေ့ကျင့်မှု၏ ပြင်းထန်မှုနှင့် လုပ်ဆောင်မှုများကို သိပ္ပံနည်းကျ စီစဉ်ပေးသည်။

ညစာစားပြီးနောက် အဖွဲ့ဝင်များသည် ဟိုတယ်အခန်းအား ယာယီပြောင်းလဲထားသော ပြန်လည်သန်စွမ်းရေးနေရာသို့ ဝင်ရောက်သွားကြရာ အဖွဲ့နှင့်အတူလိုက်ပါလာသော ဆရာဝန်နှင့် ပြန်လည်သန်စွမ်းရေးဆရာတို့က ၎င်းတို့ကို ရုပ်ပိုင်းဆိုင်ရာကုထုံး (physical therapy)၊ နှိပ်နယ်ခြင်းများ ပြုလုပ်ပေးခြင်းဖြင့် ၎င်းတို့သက်လုံအား ပြန်လည်ပြည့်ဖြိုးလာရန် ကူညီပေးသည်။

အားအယ်ဆန်း၏ လေပြင်းဆီးနှင်းများက စုစည်းလေ့ကျင့်ရေးအဖွဲ့ဝင်အားလုံး၏ ကြံ့ခိုင်မှုနှင့် ဇွဲလုံ့လကို မျက်မြင်သက်သေပြုခဲ့သည်။ အဖွဲ့ဝင်များသည် အားအယ်ဆန်းတွင် လေ့ကျင့်မှုမှရရှိထားသော ထက်မြက်စွမ်းရည်များနှင့် ၂၀၂၆ ခုနှစ် မီလန် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ အားကစားကွင်း၌ တောက်ပသောစွမ်းရည်များဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။ (Xinhua)
………..
(Chinese Version)
走廊、会议室、食堂变身训练场 他们从这里奔向米兰
新华社照片,阿尔山(内蒙古),2025年11月12日
10月27日至11月20日,自由式滑雪空中技巧国家集训队在内蒙古阿尔山开展冬季专项训练,队员们在风雪中磨炼技术、锤炼意志,为明年的米兰冬奥会积蓄力量。
阿尔山市位于内蒙古自治区东北部大兴安岭西南麓,这里雪期长、雪质优、上雪早、化雪迟。自2003年开始,自由式滑雪空中技巧国家集训队便将其作为冬训基地,每年11月左右都会来到这里展开为期约一个月的训练。
队员们的日常训练通常从清晨开始,天光初亮,他们已经在宾馆的走廊、会议室甚至电梯间门口开始拉伸和热身训练。简单的早饭后,他们会来到雪场顶着寒风反复起跳、旋转、落地,专注打磨每一个动作细节。三个小时的空中动作技术训练结束后,队员们在下午来到宾馆附近由食堂改造成的临时体能训练馆进行体能、力量训练。体能教练根据每个队员的身体状态科学安排训练强度和项目,确保他们在完成核心力量、爆发力及柔韧性等训练的同时保持良好状态。晚饭后,队员们相继走进由宾馆房间临时改造的恢复区,随队医生、康复师将为他们进行理疗、按摩,帮助他们恢复体能。
阿尔山的风雪见证了集训队全体成员的坚韧与执着,队员们将带着从阿尔山上磨砺出的锋芒,在2026米兰冬奥会的赛场上绽放光彩。
图说1:11月6日,在食堂改造而成的临时体能训练馆里,自由式滑雪空中技巧国家集训队队员邵琪(前)、孙佳旭(左一)和李天马(左二)在进行体能和力量训练。 新华社记者 费茂华 摄
图说2:11月7日清晨,在宾馆走廊上,自由式滑雪空中技巧国家集训队队员李天马(前)和队友在进行拉伸。 新华社记者 费茂华 摄
