Asia
ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိ အဆိုကို ထိုင်းအောက်လွှတ်တော်က ပယ်ချ

ဘန်ကောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
ထိုင်းအောက်လွှတ်တော်က မတ် ၂၆ ရက်တွင် ထိုင်းဝန်ကြီးချုပ် ပေထုံတန်အပေါ် အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ နောက်ဆုံးတွင် ထိုအဆိုကို ပယ်ချခဲ့သည်။
အဆိုပါနေ့ နံနက်ပိုင်း မဲခွဲဆုံးဖြတ်မှုတွင် အယုံအကြည်မရှိ အဆိုကို ကန့်ကွက်မဲပေးသော အောက်လွှတ်တော်အမတ် အရေအတွက်သည် ထက်ဝက်ကျော်ခဲ့ရာ လွှတ်တော် ဥက္ကဋ္ဌ Wan Muhamad Noor Matha က ထိုအဆိုကို ပယ်ချခဲ့သည်။
ကြီးကြပ်ရေး လုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကာ အမျိုးသား အကျိုးစီးပွားကို သေချာမှုရှိစေရန် ဘက်အသီးသီးက ပြည်သူ့ကိုယ်စားလှယ်တာဝန်များကို အပြည့်အ၀ ကျေပွန်အောင် ထမ်းဆောင်ခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း၊ အစိုးရအဖွဲ့က ဆွေးနွေးရန်ကိစ္စရပ်အားလုံးကို အသေးစိတ် ရှင်းလင်းတင်ပြခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိအာဏာရပါတီနှင့် အတိုက်အခံပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ကျေးဇူးတင်ရှိကြောင်း အယုံအကြည်မရှိအဆို ပယ်ချခံရပြီးနောက် ပေထုံတန်က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ယခုအကြိမ် မဲခွဲဆုံးဖြတ်မှု၏ ထောက်ခံမဲဖြစ်စေ၊ အယုံအကြည်မရှိမဲဖြစ်စေ အားလုံးမှာ ၎င်းနှင့် အစိုးရအဖွဲ့၏ ပြည်သူများအတွက် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ရန် တွန်းအားတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပေထုံတန်က ပြောကြားခဲ့သည်။
ယခုအကြိမ် အယုံအကြည်မရှိ အဆိုမှာ အတိုက်အခံအဖွဲ့မှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ပေထုံတန် ရာထူးတာဝန်ယူချိန်မှစ၍ ပထမအကြိမ်အဖြစ် အယုံအကြည်မရှိ အဆိုအား မဲခွဲဆုံးဖြတ်ခြင်းဖြစ်သည်။ ပေထုံတန်သည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အောက်လွှတ်တော် အထူးအစည်းအဝေး မဲပေးမှုတွင် လွှတ်တော်အမတ် တစ်ဝက်ကျော်၏ ထောက်ခံမှုရရှိခဲ့ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ (Xinhua)
…………………………..
(Chinese Version)
泰国国会下议院否决对总理的不信任动议
新华社曼谷3月26日电(记者陈倩慈 高博)泰国国会下议院26日就针对总理佩通坦的不信任动议进行表决,最终该动议被否决。
在当天上午的表决中,投票反对不信任动议的国会下议院议员超过半数,国会主席万诺宣布该动议被否决。
佩通坦在不信任动议被否决后通过社交媒体发文表示,感谢各方充分履行人民代表职责,感谢内阁团队对所有议题进行了详细说明,也感谢无论是执政党还是反对党的国会议员,积极参与监督过程,确保国家利益。
她表示,此次表决中的所有投票,无论是支持票还是不信任票,都会成为她和内阁团队继续为人民努力工作的动力。
此次不信任动议由反对派发起。这是佩通坦自上任以来首次遭遇不信任动议表决。佩通坦于2024年8月在国会下议院特别会议投票中获得过半数议员支持,当选泰国总理。(完)
图说:3月26日,在泰国曼谷,总理佩通坦(中)在不信任动议被否决后向人们致意。新华社发(拉亨摄)