Connect with us

News

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် အင်အား ၆.၈ ပမာဏရှိသော ငလျင်လှုပ်ခတ်

ဖိလစ်ပိုင်နိုင်ငံ General Santos မြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများကို စစ်ဆေးနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ- GenSan City Police Office/Handout via Xinhua)

မနီလာ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Surigao del Sur ပြည်နယ်တွင် ဩဂုတ် ၃ ရက် နံနက်ပိုင်း၌ အင်အား ၆.၈ ပမာဏရှိသော ကမ်းလွန်ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာအင်စတီကျုက ထုတ်ပြန်ခဲ့သည်။
အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၆:၂၂ နာရီတွင် ကမ်းရိုးတန်းမြို့ဖြစ်သော Lingig ၏ အရှေ့မြောက်ဘက် ၆၆ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၉ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုငလျင်လှုပ်ခတ်မှုကို Agusan del Sur ၊ Davao de Oro ၊ Davao မြို့ ၊ Davao Occidental နှင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိနေရာအချို့အပါအဝင် မင်ဒါနာအိုဒေသရှိ ပြည်နယ်များစွာ၌လည်း ခံစားခဲ့ရကြောင်း သိရသည်။
အဆိုပါ ငလျင်ကြောင့် နောက်ဆက်တွဲငလျင်များလည်း လှုပ်ခတ်နိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် ပျက်စီးဆုံးရှုံးမှုမရှိနိုင်ကြောင်း အင်စတီကျုက ဖော်ပြထားသည်။ (Xinhua)
……………………………………..
(English Version)
Magnitude 6.8 earthquake hits southern Philippines
MANILA, Aug. 3 (Xinhua) — An offshore earthquake with a magnitude of 6.8 struck Surigao del Sur province in the southern Philippines on Saturday morning, the Philippine Institute of Volcanology and Seismology reported.
The institute said the quake, which occurred at 6:22 a.m. local time, hit at a depth of 9 kilometers, about 66 kilometers northeast of Lingig, a coastal town.
The tremor was also felt in many provinces on Mindanao region, including Agusan del Sur, Davao de Oro, Davao City, Davao Occidental, and even some areas in the central Philippines.
The institute said the tectonic quake will trigger aftershocks but will not cause damage.
Photo: People inspect a damage site from an earthquake in General Santos City, the Philippines on Nov. 17, 2023. (GenSan City Police Office/Handout via Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.