Connect with us

News

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ် ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးက ဂီနီ၊ ဆီရာလီယွန်နိုင်ငံများသို့ သွားရောက်ကာ ဆီမန်ဒူးသတ္တုတွင်းဖွင့်ပွဲသို့ တက်ရောက်မည်

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးက တရုတ်နိုင်ငံ မြို့တော်ပေကျင်းမြို့ရှိ လူမှုအသိုက်အဝန်းကျန်းမာရေး ဝန်ဆောင်မှုစင်တာမှ ကျန်းမာရေးဝန်ထမ်းများထံသို့ ၂၀၂၅ ခုနှစ် သြဂုတ် ၁၉ ရက်က သွားရောက်လည်ပတ်တွေ့ဆုံခဲ့စဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးသည် နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ဂီနီ၊ ဆီရာလီယွန် နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၁၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် လျိုမှာ ဂီနီနှင့် ဆီရာလီယွန်နိုင်ငံအစိုးရများ၏ ဖိတ်ကြားမှုအရ သွားရောက်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဂီနီသမ္မတ မာမာဒီ ဒူအန်ဘူယာ၏ ဖိတ်ကြားချက်အရ လျိုသည် နိုဝင်ဘာ ၁၁ ရက်၌ ဖွင့်လှစ်မည့် ဆီမန်ဒူး သံသတ္တုရိုင်းသတ္တုတွင်း စီမံကိန်းဖွင့်လှစ်ပွဲသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူး ကိုယ်စားလှယ်အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားမှုအရ သိရသည်။ (Xinhua)

……………………..
(English Version)
Chinese vice premier to visit Guinea, Sierra Leone, attend inauguration of Simandou mine as Xi’s special representative
BEIJING, Nov. 10 (Xinhua)
Chinese Vice Premier Liu Guozhong will visit Guinea and Sierra Leone from Nov. 10 to 16, a Chinese foreign ministry spokesperson announced on Monday.
Liu, also a member of the Political Bureau of the Communist Party of China Central Committee, will pay the visits at the invitation of the governments of Guinea and Sierra Leone, said the spokesperson.
At the invitation of Guinean President Mamadi Doumbouya, Liu will also attend the inauguration of the Simandou iron ore mine project on Nov. 11 as President Xi Jinping’s special representative, said the spokesperson. ■
Photo:
Chinese Vice Premier Liu Guozhong, also a member of the Political Bureau of the Communist Party of China Central Committee, visits medical workers at a community health services center in Beijing, capital of China, Aug. 19, 2025. (Xinhua/Wang Ye)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.