Connect with us

News

ဆော်ဒီနိုင်ငံ ရိယတ်မြို့၌ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ ပါဝင်သော နွေဦးဈေးပွဲတော် ဆင်ယင်ကျင်းပ

“နွေဦးရာသီကို လှိုက်လှဲစွာကြိုဆိုခြင်း၊ တရုတ်နှစ်သစ်ကူး အခါသမယကို အတူတကွဆင်နွှဲခြင်း” ဟု အမည်ပေးထားသော ဈေးပွဲတော်ကို ဆော်ဒီနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စီစဉ်ကျင်းပခဲ့ကာ တရုတ်ရိုးရာ နှစ်သစ်ကူး ဘုံကျောင်းဈေးပွဲတော်အဖြစ် ပုံဖော်ဖန်တီးခဲ့ခြင်းလည်းဖြစ်သည်။ ယင်းဈေးပွဲတော်မှာ တရုတ်-ဆော်ဒီ သံတမန်ဆက်ဆံရေး ထူထောင်မှု ၃၅ နှစ်ပြည့် အထိမ်းအမှတ်၊ ၂၀၂၅ ခုနှစ် တရုတ်-ဆော်ဒီ ယဉ်ကျေးမှုနှစ် အထိမ်းအမှတ် အခမ်းအနားများ စတင်ပြုလုပ်နေသည့် အမှတ်သင်္ကေတလည်းဖြစ်သည်။
အဆိုပါ ဈေးပွဲတော်တွင် ပြည်ပရောက် တရုတ်နိုင်ငံသားများ၊ ပြည်ပသံတမန်များ၊ ဆော်ဒီအစိုးရတာဝန်ရှိသူများနှင့် ဒေသခံများ ပါဝင်ဆင်နွှဲခဲ့ကာ ပျော်ရွှင်ကြည်နူးမှုနှင့် ယဉ်ကျေးမှု အနှစ်သာရတို့ လွှမ်းခြုံလျက်ရှိသော အငွေ့အသက်များကို ပျော်ပျော်ပါးပါး ခံစားခဲ့ကြသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0q5


…………………
(English Version)
Spring Festival market lights up Riyadh with cultural events, celebration
Themed “Warmly Welcoming Spring, Celebrating Chinese New Year Together,” the market was organized by the Chinese Embassy in Saudi Arabia and designed as a traditional Chinese New Year temple fair. It also marked the start of events to celebrate the 35th anniversary of the establishment of China-Saudi Arabia diplomatic relations and the China-Saudi Arabia Year of Culture in 2025.
Chinese expatriates, foreign diplomats, Saudi officials, and locals gathered at the event, enjoying an atmosphere brimming with joy and cultural spirit.