Connect with us

China

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်ပတ်လည် အခမ်းအနားများတွင် တက်ရောက်သတင်းယူရန် ပြည်တွင်းပြည်ပမှ သတင်းထောက်များကို ဖိတ်ခေါ်

ပေကျင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားများတွင် တက်ရောက်သတင်းယူရန် ပြည်တွင်းပြည်ပမှ သတင်းထောက်များကို ကြိုဆိုဖိတ်ခေါ်ထားကြောင်း သိရသည်။
သို့ဖြစ်၍ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်မှ ဇူလိုင် ၂၉ ရက်အထိ ဖော်ပြပါ အင်တာနက်ဝက်ဘ်ဆိုက်လိပ်စာ (http://kzjn80reg.zgjx.cn) ဖြင့် အွန်လိုင်းမှ စာရင်းသွင်းသည့် စနစ်ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပြည်ပမှ သတင်းထောက်များအပြင် တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် စသည့် ဒေသများမှ သတင်းထောက်များကိုလည်း အွန်လိုင်းမှတစ်ဆင့် တရားဝင် သတင်းရယူခွင့် လျှောက်ထားရန် ဖိတ်ခေါ်ထားသည်။
မီဒီယာများ တက်ရောက်သတင်းယူရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် အဆိုပါ အခမ်းအနားများ ကျင်းပစဉ်အတွင်း ပေကျင်းမြို့၌ မီဒီယာစင်တာတစ်ခု ဖွင့်လှစ်ထားမည်ဖြစ်ကာ သတင်းစာရှင်းလင်းပွဲများ၊ အစည်းအဝေးများ စီစဉ်ကျင်းပပေးခြင်း၊ အင်တာဗျူးအစီအစဉ်များအတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တရားဝင် ဝက်ဘ်ဆိုက်နှင့် WeChat အကောင့်မှတစ်ဆင့် နောက်ဆုံးရသတင်းများ ထုတ်ပြန်ပေးခြင်း စသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးမည်ဟု သိရသည်။ (Xinhua)

………………..
(English Version)
China invites journalists from home, abroad to cover victory anniversary events in Beijing
BEIJING, July 14 (Xinhua) — Journalists from home and abroad are welcome to cover the commemorative events marking the 80th anniversary of the victory in the Chinese People’s War of Resistance Against Japanese Aggression and the World Anti-Fascist War in Beijing.
An online registration system will be available at http://kzjn80reg.zgjx.cn from July 15 to July 29, 2025.
Foreign journalists as well as those from Hong Kong, Macao, and Taiwan are welcome to submit their accreditation applications through the system.
To facilitate media coverage, a press center will be set up in Beijing during the events, providing services including hosting press conferences and briefings, coordinating interviews, and offering news updates via an official website and WeChat account.