Africa & Middle East
ဂါဇာတွင် သတင်းထောက် ၆ ဦးကိုသတ်ဖြတ်ခဲ့ခြင်းအတွက် အစ္စရေးကို ကုလသမဂ္ဂ ရှုတ်ချ

ဂျီနီဗာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်းသတင်းထောက် ၆ ဦး သေဆုံး ခဲ့သည့် အစ္စရေးက သြဂုတ် ၁၀ ရက် တိုက်ခိုက်မှုမှာ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဥပဒေကို ဆိုးရွားစွာချိုးဖောက်ခြင်းဟု ကုလသမဂ္ဂက အစ္စရေးကို ဝေဖန်ရှုတ်ချကြောင်း သြဂုတ် ၁၁ ရက်၌ ထုတ်ပြန်ခဲ့သည်။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက လူမှုကွန်ရက် X တွင် “အစ္စရေးအနေဖြင့် သတင်းထောက်များအပါအဝင် ပြည်သူအားလုံးအပေါ် လေးစားမှုနဲ့ မဖြစ်မနေ အကာအကွယ် ပေးရပါမယ်။ ဂါဇာကို သတင်းထောက်တွေအားလုံး အဟန့်အတားမရှိဘဲ ဘေးကင်းလုံခြုံစွာ ဝင်ရောက်ခွင့်ကို ချက်ချင်းပေးရပါမယ်” ဟု တောင်းဆိုရေးသားခဲ့သည်။
အဆိုပါရုံး၏ဖော်ပြမှုအရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နောက်ပိုင်းမှစ၍ ဂါဇာတွင် ပါလက်စတိုင်းသတင်းထောက် အနည်းဆုံး ၂၄၂ ယောက် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။အယ်လ်ဂျာဇီးယားမီဒီယာကွန်ရက်ကလည်း ဂါဇာရှိ အယ်လ်ရှီဖာဆေးရုံတွင် တဲထိုးပြီး သတင်းရယူနေသည့် ၎င်းတို့၏ သတင်းသမား ၅ ဦးကို အစ္စရေးက ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့၍ သေဆုံးခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွက် အစ္စရေးအား ရှုတ်ချကြောင်း သြဂုတ် ၁၁ ရက်က ထုတ်ပြန်သွားခဲ့သည်။ ဂါဇာရှိ ပြည်သူ့ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးရုံတာဝန်ရှိသူများ၏အဆိုအရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သည့် အလွတ်တန်းသတင်းထောက်တစ်ဦးမှာ သြဂုတ် ၁၁ ရက်နံနက်ပိုင်း၌ သေဆုံးသွားခဲ့ခြင်းကြောင့် သေဆုံးသွားသည့် သတင်းထောက် ၆ ဦး အထိ ရှိလာခြင်းဖြစ်သည်။ (Xinhua)
—————————
(English Version)
UN condemns Israel for killing 6 journalists in Gaza
GENEVA, Aug. 12 (Xinhua) — The United Nations (UN) on Monday condemned the killing of six Palestinian journalists in Sunday’s Israeli airstrike on Gaza City as a “grave breach of international humanitarian law.”
“Israel must respect and protect all civilians, including journalists,” said the UN Office of the High Commissioner for Human Rights on social media X, calling for “immediate, safe and unhindered access” to Gaza for all journalists.
According to the office, at least 242 Palestinian journalists have been killed in Gaza since Oct.7, 2023.