News
တရုတ်နိုင်ငံတွင် ခရီးသွားလာမှုများပြားသောရာသီအတွင်း ခရီးသွားလုပ်ငန်းတာဝန်ရှိသူများက ဘေးကင်းရေးကို အာရုံစိုက်လုပ်ဆောင်မည်

ပေကျင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ဇူလိုင်လအတွင်း လျှို့ဝှက်စစ်ဆေးမှု များလုပ်ဆောင်ရာတွင် ခရီးသွားဧည့်သည်များအား ဆွဲဆောင်ရာနေရာများနှင့် ဆက်စပ်သည့် ဝန်ဆောင်မှု ဌာနများ၌ ဘေးကင်းရေးဆိုင်ရာအန္တရာယ်ဖြစ်နိုင်ခြေများကို တွေ့ရှိရကြောင်း ထုတ်ဖော်ကြေညာလိုက်ပြီး အရေးယူ ဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင်ရန် ဒေသခရီးသွားလုပ်ငန်း တာဝန်ရှိသူများအား တိုက်တွန်းခဲ့သည်။ထျန်းကျင်း၊ လျောင်နင်နှင့် ရှင်းကျန်း ဒေသများ အပါအဝင် ပြည်နယ်အဆင့်ဒေသ ၈ ခုတွင် စစ်ဆေးမှုများ လုပ်ဆောင် ခဲ့ရာ စီးပွားရေးလုပ်ငန်းနေရာများနှင့် ခရီးသွားများတည်းခိုနေထိုင်ရာနေရာများ၌ အရေးပေါ်ထွက်ပေါက်များ ပိတ်နေမှု ကဲ့သို့ မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ခရီးသွားဒေသများတွင် မရှိမဖြစ်လိုအပ်သော အသက်ကယ် အင်္ကျီ စသော ပစ္စည်းကိရိယာများ လျော့နည်းနေမှုကို ယခုအကြိမ်စစ်ဆေးမှုတွင် တွေ့ရှိရကြောင်း ပြောဆိုခဲ့သည်။
ဝန်ကြီးဌာနက ခရီးသွားဘတ်စ်ကားယာဥ်မောင်းများ၏ ယာဥ်စည်းကမ်းချိုးဖောက်မှုများ အပါအဝင် လမ်း အန္တရာယ်ဘေးကင်းရေးစိုးရိမ်မှုများကိုလည်း သတိပေးခဲ့သည်။
ဝန်ကြီးဌာန၏အဆိုအရ လုံလောက်သည့်ပြင်ဆင်မှုများ ပြုလုပ်ရန် ပျက်ကွက်သည့် စီးပွားရေးလုပ်ကိုင်သူများ ကို ဥပဒေကြောင်းအရ ပြင်းထန်သည့်အရေးယူမှုပြုလုပ်မည်ဖြစ်ပြီး တွေ့ရှိချက်များလွှဲပြောင်းပေးအပ်ကာ ထပ်မံစုံစမ်းစစ်ဆေးမှုများအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများကို လွှဲပြောင်းတာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……….
(English Version)
China’s tourism authorities focus on safety during peak summer season
BEIJING, Aug. 12 (Xinhua) — China’s Ministry of Culture and Tourism on Tuesday announced that undercover inspections conducted in July had revealed multiple safety risks at tourist attractions and in related services, urging local tourism authorities to take immediate corrective action.
The inspections, carried out across eight provincial-level regions, including Tianjin, Liaoning and Xinjiang, revealed fire safety hazards such as blocked emergency exits in business venues and accommodations, as well as a lack of essential life-saving equipment like life vests at some tourist sites.
The ministry also warned of road safety concerns, including traffic violations by tourist bus drivers.
According to the ministry, business operators who fail to make adequate rectifications will be subject to harsher legal penalties, or relevant leads will be transferred to appropriate authorities for further investigation.
Photo : A drone photo taken on Aug. 11, 2025 shows tourists having fun along a river in Xianju County of Taizhou, east China’s Zhejiang Province. (Photo by Wang Huabin/Xinhua)