Asia
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်ပမှပြန်လွှဲငွေ ဇူလိုင်-သြဂုတ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါး အထိရှိလာ

ဒါကာ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ဇူလိုင်-သြဂုတ် ကာလအတွင်း နိုင်ငံရပ်ခြားတွင် နေထိုင်၍ အလုပ်လုပ်ကိုင်သည့် ဘင်္ဂလားဒေ့ရှ် ပြည်သူများမှ ပြန်လွှဲငွေသည် အမေရိကန်ဒေါ်လာ သန်း ၄,၉၀၀ ရှိကြောင်း ဗဟိုဘဏ်၏အချက်အလက်များက ဖော်ပြခဲ့သည်။
ဆင်းရဲနွမ်းပါးသည့်နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းအတွက် အရေးပါသည့် အရင်းအမြစ်တစ်ခုဖြစ်သည့် ပြန်လွှဲငွေသည် သြဂုတ်လတွင် ဒေါ်လာ ၂.၄၂ ဘီလီယံရှိခဲ့ရာ အလားတူကာလထက် ၈.၉၀ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်ပြည်သူများ၏ပြန်လွှဲငွေသည် ဇူလိုင်လတွင်လည်း အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံနီးပါး ရှိခဲ့သည်။
၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငွေလွှဲဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော်ဖြင့် အမြင့်ဆုံးစံချိန်သို့ရောက်ရှိခဲ့သည်။
အဆိုပါ ပြန်လွှဲငွေများသည် ယူအေအီး၊ ဆော်ဒီအာရေဗျနှင့် ကူဝိတ်ကဲ့သို့ အရှေ့အလယ်ပိုင်း နိုင်ငံများမှ ပြန်လွှဲပို့ကြခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………….
(English Version)
Bangladesh’s remittance reaches nearly 5 bln USD in July-August
DHAKA, Sept. 1 (Xinhua) — Bangladeshis living and working abroad remitted back 4,900 million U.S. dollars in the July-August period, central bank data showed.
According to the data, remittance, one of key sources of foreign exchange for the impoverished nation, increased 8.90 percent year-on-year to 2.42 billion dollars in August.
Bangladeshis remitted home nearly 2.5 billion dollars in July.
Bangladesh remittances hit an all-time high of over 30 billion dollars in the fiscal year 2024-25.
Remittance mainly comes from Middle East countries, such as the United Arab Emirates, Saudi Arabia and Kuwait.
Photo : Laborers unload coals from a ship at a river bank in Dhaka, Bangladesh on April 30, 2023. (Xinhua)