Connect with us

News

အာဇာနည်နေ့တွင် နိုင်ငံ့သူရဲကောင်းများအား သမ္မတ ရှီ အလေးပြုဂုဏ်ပြုမည်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝူးလူမုချီ ထျန်းဆန်းနိုင်ငံတကာလေဆိပ်၌ စုရုံးနှုတ်ဆက်နေသည့် ပြည်သူများအား ပြန်လည် လက်ဝှေ့ယမ်း နှုတ်ဆက်နေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၃၀ ရက် နံနက်တွင် တရုတ်နိုင်ငံ မြို့တော်၊ ပေကျင်းမြို့လယ်ရှိ ထျန်းအန်းမန်ရင်ပြင်၌ ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားတွင် ကျဆုံးလေပြီးသော နိုင်ငံ့သူရဲကောင်းများအတွက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အခြား ပါတီခေါင်းဆောင်များ၊ နိုင်ငံတော်အဆင့် ခေါင်းဆောင်များက ဂုဏ်ပြုပန်းခြင်းများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်ပြီး China Media Group က တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားသည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံ တော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်နှင့် လည်း တိုက်ဆိုင်နေကြောင်း သိရသည်။ (Xinhua)


…………………….
(English Version)
Xi to pay tribute to national heroes on Martyrs’ Day
BEIJING, Sept. 28 (Xinhua)
Chinese President Xi Jinping and other Party and state leaders will present flower baskets to fallen national heroes at Tian’anmen Square in central Beijing on Tuesday morning to mark Martyrs’ Day.
The leaders will be joined by representatives from all walks of life.
The event will be broadcast live by China Media Group.
This year marks the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War. ■
Photo:
Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, waves to the crowds gathering to see him off at Urumqi Tianshan International Airport in northwest China’s Xinjiang Uygur Autonomous Region, on Sept. 25, 2025.(Xinhua/Shen Hong)