Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ တပ်မတော် (လေ) မှ ရဟတ်ယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် စက်ချို့ယွင်းကာ မတော်တဆမှု ဖြစ်ပွါးပြီး ၂ ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

တပ်မတော် (လေ) မှ ရဟတ်ယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် စက်ချို့ယွင်းကာ မတော်တဆမှု ဖြစ်ပွါးပြီး ၂ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ (ဩဂုတ် ၃ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တပ်မတော် (လေ) မှ ရဟတ်ယာဉ်တစ်စင်းသည် ဩဂုတ် ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း လေ့ကျင့်ပျံသန်းစဉ် ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပွါးပြီး မြေပြင်ပေါ်သို့ ပြုတ်ကျမှုဖြစ်ပွါးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ ၂ ဦး ကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကျဆုံးခဲ့သူများ၏ ရုပ်အလောင်းများအား နီးစပ်ရာ တပ်မတော်စစ်ဆေးရုံသို့ ဆက်လက်ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ထိခိုက်ဒဏ်ရာရရှိသူများအားလိုအပ်သည့် ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)