Connect with us

Media

Yuntianhua ပညာသင်ဆုက မြန်မာ့စိုက်ပျိုးရေးကျောင်းသား/ကျောင်းသူများအတွက် ခွန်အားရရှိစေ

နေပြည်တော် ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ကြိုဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူ ၁၀၇ ဦးအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Yuntianhua ပညာသင်ဆု ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက်၌ မြန်မာနိုင်ငံ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တရုတ်ကုမ္ပဏီ Yuntianhua မှ ပံ့ပိုးပေးသည့် အဆိုပါပညာသင်ဆုအမြောက်အမြားသည် စိုက်ပျိုးရေး ကျောင်းသား/ကျောင်းသူများ၏ ဘဝ နှင့် အနာဂတ်ကို သက်ရောက်မှုရှိစေခဲ့ပြီး ငွေကြေးအခက်အခဲများကြားမှ ကျောင်းသား/ကျောင်းသူများ၏အိပ်မက်များကို အကောင်အထည်ဖော်နိုင်စေခဲ့သည်။ Yuntianhua သည် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူ ၁၀၇ ဦး အပါအဝင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူ ၄၀၀ နီးပါးအား ပညာသင်ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.