Connect with us

News

လာမင်းယမားလ်မှာ အလွန်ကြီးမား‌သော ဖိအားအောက်တွင် ကျရောက်နေဟုဆို

မက်ဒရစ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၄ ရက်နှင့် ၇ ရက်တို့တွင် ယှဉ်ပြိုင်ကစားရမည့် ဘူလ်ဂေးရီးယား၊ တူကီယဲအသင်းတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်းပွဲစဉ်များမတိုင်မီ နိုင်ငံလက်ရွေးစင်အသင်းနှင့် ပထမဆုံး လေ့ကျင့်ခန်းဆင်းသည့်နေ့၌ စပိန်အသင်းနည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေးက‌ ဘာစီလိုနာအသင်း၏ လူငယ်ကြယ်ပွင့် လာမင်း ယမားလ်အား ချီးကျူးပြောဆိုခဲ့သည်။
ယမားလ်မှာ မကြာမီကမှ အသက် ၁၈ နှစ်ပြည့်မွေးနေ့ပွဲကို ဆင်နွှဲခဲ့သော်လည်း စပိန်အသင်းအတွက် ပွဲ ၂၀ ကျော် ပါဝင်ကစားထားပြီးဖြစ်သလို ၎င်း၏ ပြင်ပလူနေမှုဘဝမှာလည်း လတ်တလောတွင် သတင်းမီဒီယာများ၏ အလေးထားဖော်ပြစရာ အကြောင်းအရာ ဖြစ်လာခဲ့ပြီး ပရိသတ်များ၏ အာရုံစိုက်မှုကို ပိုမိုရရှိလာခဲ့သည်။
ယမားလ်မှာ မီဒီယာများကြောင့် အလွန်ကြီးမားသော ဖိအားအောက်တွင် ရောက်ရှိနေသည့်အတွက် ၎င်းအနေဖြင့် တောင်းဆိုချက်များနှင့် ပြည့်မီရန် ထူးထူးကဲကဲ ကြိုးစားပြရလိမ့်မည်ဟု အသင်းနှင့်အတူ ဘူလ်ဂေးရီးယားနိုင်ငံသို့ မထွက်ခွာမီ ဒယ်လာဖွန်တေးက ဖီဖာဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
ယမားလ်အနေဖြင့် အရာအားလုံးကို ပိုင်ဆိုင်ထားကြောင်း၊ အသက် ၁၆ နှစ်အရွယ်ကတည်းက နိုင်ငံအသင်းအတွက် ပါဝင်ကစားခဲ့ပြီး ဆန်းစစ်အကဲဖြတ်မှုများအပေါ် အာရုံစိုက်နေရသည့် ဆယ်ကျော်သက်လူငယ်တစ်ဦးအား မိမိတို့အနေဖြင့် တန်ဖိုးထားရမည်ဖြစ်ကြောင်း နည်းပြဒယ်လာဖွန်တေးက အခိုင်အမာပြောကြားခဲ့သည်။
“သူဟာ ဘောလုံးကွင်းထဲမှာရော ကွင်းပြင်ပမှာပါ စံပြဖြစ်နေရပါမယ်။ သူ ရင့်ကျက်လာမှာပါ။ သူက သိပ်ငယ်သေးတော့ ကျွန်တော်တို့ သူ့ကို ပံ့ပိုးပေးဖို့လိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ယမားလ်အနေဖြင့် ဖိအားများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိမည်ဟု ယုံကြည်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
………………
(English Version)
Spain coach De la Fuente: Yamal ‘under tremendous pressure’
MADRID, Sept. 2 (Xinhua) — Spain coach Luis de la Fuente has praised Barcelona youngster Lamine Yamal at the first day of training with the national team ahead of the FIFA World Cup qualifying games away to Bulgaria and Türkiye on September 4 and 7.
Yamal has already played over 20 games for Spain despite only recently celebrating his 18th birthday and the fact that his private life has recently become a subject of interest for gossip columns has brought him even more into the spotlight.
Speaking to the FIFA’s website before his squad flies to Bulgaria, De la Fuente said Yamal was “under tremendous media pressure; he has to work incredibly hard to be able to keep up with the demands.”
The coach insisted Yamal had “earned everything,” adding, “We have to value a kid who was already playing for the national team at 16,” and focusing on the scrutiny the winger is under.
“He has to be an example both on and off the pitch; he’s maturing, and we have to help him because he’s very young,” reflected De la Fuente, who was confident the player would be able to deal with the pressure.