ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ 5G ဖုန်းများ တင်ပို့ရောင်းချမှု ပမာဏသည် အလုံးရေ ၂၆၆ သန်းရှိခဲ့ပြီး မိုဘိုင်းလ်ဖုန်းဈေးကွက်ကို ဆက်လက် လွှမ်းမိုးထားနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအကယ်ဒမီ (CAICT) မှ ထုတ်ပြန်သော အချက်အလက်များ...
ဂါဇာ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ကာတာနိုင်ငံက ဂါဇာကမ်းမြောင်ဒေသရှိ တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားပေးရေးစက်ရုံအတွက် သဘာဝဓာတ်ငွေ့ ပေးပို့ရေး အာမခံထားသော သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပါလက်စတိုင်းဆိုင်ရာ ကာတာနိုင်ငံ သံအမတ်ကြီး Mohammed al-Emadi က ဇန်နဝါရီ ၂၁ ရက်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘူလ်ဂေးရီးယားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့်အတွက် Rumen Radev အား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီ ၂၂ ရက်တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
တိုကျို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ မိုး/ဇလဌာန(JMA) က ဇန်နဝါရီ ၂၂ ရက် နံနက်အစောပိုင်းတွင် ကျူရှူးဒေသ၌ လှုပ်ခတ်သွားခဲ့သည့် ငလျင်ကို ပြင်းအား ၆ ဒသမ ၆ အဆင့်သို့ အမြှင့်တင်သတ်မှတ်ခဲ့သည်။ ဂျပန်မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ လက်ရှိတွင် ငလျင်ကြောင့် လူဆယ်ဦးကျော်...
ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) “ရုရှား-ဘီလာရုဇ် ပေါင်းစည်းထားသော ဒေသတွင်း လေကြောင်းကာကွယ်ရေးစနစ်”၏ အသင့်အနေထားကို စမ်းသပ်ရန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား ထိန်းချုပ်သည့်တပ်ဖွဲ့နှစ်ဖွဲ့ကို ဘီလာရုဇ်နိုင်ငံသို့ စေလွှတ်ထားပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ ဘက်ရှိ ကလီမန်တန်ပြည်နယ်ဘာလစ်ပါပန်မြို့၌ ယာဉ်ချင်းဆင့်တိုက်မိမှုများကြောင့် လူလေးဦး သေဆုံးပြီး အခြားသူ ၂၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။
လန်ဒန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ယူကေတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲ ကူးစက်မှု ၄၂၆ ဦးရှိခဲ့ပြီး BA.2 ဟု အမည်ပေးထားသည့် အဆိုပါ အိုမီခရွန်ဗိုင်းရပ်စ် ပုံစံသစ်ကို ယူနိုင်တက်ကင်းမ်ဒမ်း (UK) ၌ အတည်ပြုခဲ့ကြောင်း ယူကေ ကျန်းမာရေးဆိုင်ရာ လုံခြုံရေးအေဂျင်စီ (UKHSA)...
ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် ပါတီနှစ်ခုမှ လွှတ်တော်အမတ် ၁၄၀ ကျော်က ကပ်ရောဂါကြောင့် ဖြစ်ပေါ်သည့် ထောက်ပို့ရေးကွင်းဆက်ပြတ်တောက်မှုမှ ပြန်လည်ကောင်းမွန်လာအောင် အမေရိကန်လုပ်ငန်းများကိုကူညီပေးရန် နိုင်ငံအတွင်းသို့ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ကင်းလွတ်ခွင့် နယ်ပယ် တိုးချဲ့ပေးခြင်း ပူးတွဲစာစောင်ကို ဇန်နဝါရီ...
ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက လာမည့်လမှစ၍ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော ပြည်တွင်းသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအတွက် ကွာရန်တင်း (quarantine) ကင်းလွတ်ခွင့်ကို ပြန်လည်စတင်မည်ဖြစ်ကြောင်း COVID-19 လုပ်ငန်းအဖွဲ့က ဇန်နဝါရီ ၂၀ ရက်က ကြေညာခဲ့သည်။
ဂျီနီဗာ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့သည် ဇန်နဝါရီ ၂၁ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တွေ့ဆုံခဲ့ပြီး အမေရိကန်နိုင်ငံမှ ဂရုပြုသည့် ယူကရိန်းအခြေအနေနှင့် ရုရှားနိုင်ငံမှ ဂရုပြုသည့် နေတိုးအရှေ့သို့ချဲ့ထွင်ခြင်းနှင့် ရုရှားလုံခြုံရေးအာမခံမှုအရေးများအပေါ် အမြင်သဘောထားချင်း...