(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၆၅၂ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) =၅,၄၂၈,၉၁၉ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁၅.၁၀.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ဆိုးလ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယား စစ်တပ်က တောင်-မြောက် စစ်ရေးနယ်နိမိတ် တောင်ဘက်ကို တန်ပြန်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များရုံးက ယင်းနေ့တွင် ပြောကြားခဲ့သည်။ ထို့အပေါ် မြောက်ကိုရီးယားက လတ်တလောတွင် တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီတို့ အောက်တိုဘာ ၁၄ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် နှစ်ဖက်အနေဖြင့် တရုတ်-အီရန် ဆက်ဆံရေးကို အပြုသဘော သုံးသပ်မှုပြုခဲ့ကြပြီး အလွှာစုံကူးလူးဆက်ဆံမှုကို...
ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ကမ္ဘာတစ်ဝန်း ဆိုက်ဘာထောက်လှမ်းမှုတွင် ပါဝင်ခဲ့သလို စုံစမ်းစစ်ဆေးသူများ၊ သုတေသီများနှင့် အခြားနိုင်ငံများ၏ ရပ်တည်ချက်များကို အထင်အမြင်လွဲမှားစေရန် အန္တရာယ်ရှိသောလုပ်ဆောင်မှုများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ဆိုက်ဘာခြိမ်းခြောက်မှုဟု စွပ်စွဲထားသည့် “Volt Typhoon” ကို စုံစမ်းစစ်ဆေးမှုအရ သိရသည်။
ရှီးအန်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ၏ တိုးတက်ဖြစ်ပေါ်မှု အဆင့်သစ်၌ “အစိမ်းရောင်” နှင့် “ဒစ်ဂျစ်တယ်” စသည်တို့က အဓိကအကြောင်းအရာများအဖြစ် ပေါ်ထွက်လာခဲ့သည်ဟု ဆင်ဟွာ သတင်းအေဂျင်စီနှင့် ပူးပေါင်းထားသော တတ်သိပညာရှင်အဖွဲ့ Xinhua Institute က အောက်တိုဘာ...
နယူးဒေလီ/ အော့တဝါ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ကနေဒါသံတမန် ၆ ဦးအား သတ်မှတ်ကာလအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရန် တောင်းဆိုထားပြီး ကနေဒါမှ ၎င်းတို့၏ သံတမန် ၆ ဦး ပြန်လည်ခေါ်ယူရန် ဆုံဖြတ်လိုက်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင်ပင်...
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးအား တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီ၌ အောက်တိုဘာ ၁၄ ရက်တွင် စတင်ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက်ထုတ် နိုင်ငံပိုင်နေ့စဉ်သတင်းစာများတွင် ဖော်ပြခဲ့သည်။
ဝူဟန့်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အောက်တိုဘာ ၁၃ ရက် ညပိုင်းတွင် ကျင်းပသော ၂၀၂၄ ခုနှစ် ဝူဟန့် Tennis Open အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဘီလာရုဇ် တင်းနစ်စတား Sabalenka က ၆-၃၊ ၅-၇၊ ၆-၃ ဖြင့် တရုတ်လက်ရွေးစင်...
တီဟီရန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) အီရန် သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်နှင့် ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်တို့က လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးနိုင်ငံအကြား ဖြစ်ပွားနေသည့် ပဋိပက္ခ အဆုံးသတ်ရေးနှင့် အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် နည်းလမ်းများကို အောက်တိုဘာ ၁၃ ရက်၌ ဆွေးနွေးခဲ့သည်။
ဟနွိုင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှုမှသည် ဒစ်ဂျစ်တယ်စီးပွားရေးအထိ ထွန်းသစ်စ လုပ်ငန်းနယ်ပယ်များတွင် ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မည့် ကတိကဝတ်အား ဗီယက်နမ်သို့ သွားရောက်ခဲ့သည့် တရားဝင် ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အလေးထားပြောကြားခဲ့သည်။