မနီလာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၂ ခုနှစ် မေလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင်ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတ Maria Leonor Robredo က ၎င်းအနေဖြင့် သမ္မတနေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၇ ရက်တွင် ပြောကြားလိုက်သည်။
ဂျီနီဗာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေး RTS,S/AS01 (RTS,S) ကို အာဖရိက ဆာဟာရဒေသခွဲရှိ ကလေးငယ်များအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထောက်ခံထားကြောင်း အောက်တိုဘာ ၆ ရက်က ပြောကြားခဲ့သည်။
ဂျကာတာ ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသည် bioavtur J2.4 ဇီဝလေကြောင်းပျံသန်းမှု တာဘိုင်လောင်စာကို အသုံးပြုပြီး တာလတ်သုံး အင်ဂျင်နှစ်လုံးပါသည့် သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းဖြင့် စမ်းသပ်ပျံသန်းမှုတစ်ခုကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း သိရသည်။
ရီယတ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဆော်ဒီ နိုင်ငံတကာ သိမ်းငှက်များနှင့် အမဲလိုက်ခြင်းပြပွဲအား ရီယတ်မြို့တွင် အောက်တိုဘာ ၁ ရက်မှ စတင်ကာ အောက်တိုဘာ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံ၌လက်ဝယ်သိမ်းဆည်းထားသည့် နျူကလီးယားလက်နက်အရေအတွက်ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
ကျိုချွမ်၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) Shenzhou-13အာကာသယာဉ်အား ယခုကာလအတွင်း လွှတ်တင်မည်ဖြစ်ရာ ယာဉ်နှင့်ဒုံးပျံအတွဲလိုက်အား လွှတ်တင်ရေးနေရာသို့ အောက်တိုဘာ ၇ ရက်တွင် ရွှေ့ပြောင်းထားကြောင်း သိရသည်။
ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) တရုတ်ဆေးဝါးကုမ္ပဏီ Sinopharmမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အသက် ၃ နှစ် မှ ၁၁ နှစ်ကြားကလေးများအတွက် အရေးပေါ်အသုံးပြုရန် အဂျင်တီးနား နိုင်ငံက မကြားသေးမီတွင် အတည်ပြုခဲ့သည်။
ဂျေရုဆလမ် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) အစ္စရေးကာကွယ်ရေး အီလက်ထရောနစ်ကုမ္ပဏီ Elbit Systems က Apache ရဟတ်ယာဉ်များအတွက် မြင်ကွင်းစနစ်များနှင့်အတူ အမေရိကန်စစ်တပ်အား ထောက်ပံ့သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ကုမ္ပဏီက ပြောကြားခဲ့သည်။
ဇူးရစ်ချ်၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့သည် အောက်တိုဘာ ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ကိုလံဘို ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘောကြီး “Ever Ace” သည် အောက်တိုဘာ ၅ ရက်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့ကြောင်း သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်အဖွဲ့(SLPA) က ဆိုသည်။