အယ်လ်ဂျီးယား၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း Constantine ပြည်နယ်တွင် တည်ရှိပြီး တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်သော Sinovac COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုကို စက်တင်ဘာ ၂၉ ရက်က စတင်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဗြိတိန်က ယခုနှစ် နှစ်ကုန်ပိုင်းတွင် အီတလီ၊ ဆွီဒင်နှင့်သဘောတူမှုစာချုပ် ချုပ်ဆိုရန်ရှိရာ ဗြိတိန်က ဦးဆောင်သည့် မျိုးဆက်သစ် တိုက်လေယာဉ်”Tempest” ပူးပေါင်းတီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၊ ဂျပန်နှင့်သက်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ဗြိတိန်လေကြောင်း အာကာသစနစ် ကုမ္ပဏီ(BAE)က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ကီတို ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း Guayaquil ကမ်းရိုးတန်းမြို့၌ စက်တင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားသော ထောင်ဆူမှုအတွင်း ကနဦးသတင်းပေးပို့ချက်အရ သေဆုံးသူ အရေအတွက် ၃၀ ရှိခဲ့ရာမှ အီကွေဒေါနိုင်ငံ တာဝန်ရှိသူများက စက်တင်ဘာ ၂၉ ရက်တွင် အကျဉ်းသားသေဆုံးမှု ၁၀၀...
ပေကျင်း ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံ အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ရန်အစီအစဉ်(၂၀၁၆-၂၀၂၀) ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း တတိယအစုအဖွဲ့ကျွမ်းကျင်ပညာရှင်များမှ ထုတ်ပြန်သော အကဲဖြတ်မှတ်တမ်းတစ်ခုအရ သိရသည်။
ဖနွမ်းပင်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး ၃ သန်း ပါဝင်သောအသုတ်သစ်တစ်သုတ်သည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ စက်တင်ဘာ ၂၈ ရက်၌ ရောက်ရှိလာခဲ့ကြောင်း အဆင့်မြင့်ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်သည် BRICS New Development Bank (NDB) ၏ ပထမဆုံးအဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာခဲ့ကြောင်း ၎င်းဘဏ် ဥက္ကဋ္ဌ Marcos Troyjo က စက်တင်ဘာ ၂၈ ရက်တွင်ပြောခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) အာဖဂန်အစိုးရတာဝန်ရှိသူများက အာဖဂန်ပိုက်နက် ဝေဟင်အပေါ် မောင်းသူမဲ့ဒရုန်းဖြင့် ကင်းလှည့်ခြင်းအား ရပ်တန့်ရန် အမေရိကန်နိုင်ငံအား တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell နှင့်အတူ ၁၁ ကြိမ်မြောက် အဆင့်မြင့်ကိုယ်စားလှယ်အဆင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲအား စက်တင်ဘာ ၂၈ ရက်၌...
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးအချက်အချာဖြစ်သည့် ရှန်ဟိုင်းတွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ သွားရောက်သည့် ကုန်ရထားဝန်ဆောင်မှုကို အင်္ဂါနေ့တွင် စတင်ခဲ့ရာ ရှန်ဟိုင်း-ဥရောပ နယ်စပ်ဖြတ်ကျော် ပထမဆုံး ရထားဝန်ဆောင်မှုစတင်သည့် အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရုရှားတိုက်လေယာဉ်တစ်စင်းက စက်တင်ဘာ ၂၈ ရက်တွင် ပင်လယ်နက်ပေါ် ပျံသန်းနေသည့် အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်းအား အတူလိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။