ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ ငြိမ်းချမ်းရေးထိန်သိမ်းမှုတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုအပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) တွင် ပါဝင်ရန် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များစေလွှတ်သည့် နိုင်ငံပေါင်း ၄၀ က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဝူးလူမုချီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီတွင် ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး တက်ရောက်လာသော နိုင်ငံတကာမီဒီယာဌာနများစွာမှာ ခေါင်းဆောင်များနှင့် အောက်တိုဘာ ၁၃ ရက်က သီးခြားစီတွေ့ဆုံခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးရန်အတွက် အမေရိကန်က အစ္စရေးကို THAAD ဒုံးခွင်းစနစ် ပံ့ပိုးမည် ဖြစ်ပြီး သက်ဆိုင်ရာ အမေရိကန်စစ်သည်များကိုစေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်း-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း ကွန်းဒက်ဘာရန်စီက ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခဲ့သည့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများနှင့် ပတ်သက်၍ အပြုသဘောဆောင် ပြောကြားခဲ့ကြောင်း သိရသည်။
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၆၄၈ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) ၅,၄၂၀,၇၃၁ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁၄.၁၀.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua) #Myanmar...
မကာအို၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ချန်ဟောက်ဟွေး (Sam Hou Fai) က မဲအပြတ်အသတ်ဖြင့် အောက်တိုဘာ ၁၃ ရက်က ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲတွင် ပေါ်တူဂီက ပိုလန်အသင်းကို အနိုင်ရရှိ အောက်တိုဘာ ၁၂ ရက် ညပိုင်းက ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ်တစ်ပွဲဖြစ်သည့် ပိုလန်အသင်းနှင့် ပေါ်တူဂီအသင်းတို့ ပိုလန်အသင်း၏ National Stadium ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
-တရုတ်နိုင်ငံဝန်ကြီးချုပ် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ကာ SCO အစည်းအဝေး တက်ရောက်မည် -တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိ -တရုတ်နှင့်လာအိုတို့က အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရာတွင် ပိုမိုသိသာထင်ရှားသော တိုးတက်မှု ရရှိ -အီဂျစ်နိုင်ငံ တောင်ပိုင်းတွင် ရထားတိုက်မိမှုကြောင့် လူ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိ -သီရိလင်္ကာနိုင်ငံ၌...
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးအတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC)က ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စံပြကျေးရွာစီမံကိန်းတစ်ခုအား စတင်ခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ်သတင်းစာ ကြေးမုံက အောက်တိုဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီ၏ ဥက္ကဋ္ဌ ဖုဟွာက ၆ ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပီရူးသတင်းအေဂျင်စီ Andina ၏ ညွှန်ကြားရေးမှူးချုပ် အယ်လ်ဘာတို ပက်ဇ်ကွီရို့ဇ်အား အောက်တိုဘာ ၁၂ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။