ချုံချင့်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်က ဗီယက်နမ်နိုင်ငံနှင့် အဝေးပြေးလမ်းအခြေပြု နယ်စပ်ဖြတ်ကျော်ကုန်တင်လမ်းကြောင်းအသစ်အား စတင်လိုက်ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ဒူရှန်ဘီ ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ် ၊ ရုရှား ၊ ပါကစ္စတန် နှင့် အီရန်နိုင်ငံတို့မှ အဆင့်မြင့်တာဝန်ရှိသူများသည် အာဖဂန်အရေးနှင့်ပတ်သက်၍ ဆက်သွယ်ရေး နှင့် ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်ရန် စက်တင်ဘာ ၁၆ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဩဂုတ်လကုန်အထိ 5G အခြေစိုက်စခန်းအရေအတွက် ၄၅,၇၀၀ အထိ ရှိလာပြီဖြစ်ကြောင်းနှင့် 5G အသုံးပြုသူ အရေအတွက်မှာလည်း ၁၂ သန်းကျော်ရှိကြောင်း ဒေသဆိုင်ရာကွန်ဖရင့်၌ စက်တင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။
ဘေရွတ် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံသည် နိုင်ငံအတွင်း စွမ်းအင်ပြတ်လပ်မှု လျော့ပါးစေရေး ရည်ရွယ်သော လှုပ်ရှားမှုတစ်ခုအဖြစ် အီရန်နိုင်ငံမှ လောင်စာဆီများ သယ်ဆောင်လာသည့် ဆီတင်ယာဉ်များကို စက်တင်ဘာ ၁၆ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ဒေသတွင်း al-Manar ရုပ်သံလိုင်း၏ ထုတ်လွှင့်မှုအရ သိရသည်။
နန်ဟိုင်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) Tianzhou-3 ကုန်တင်အာကာသယာဉ်နှင့်ဒုံးပျံ အတွဲလိုက်ကို စက်တင်ဘာ ၁၆ ရက်က လွှတ်တင်မည့်နေရာသို့ ဒေါင်လိုက်ရွှေ့ပြောင်းခဲ့ရာ ယခုရက်ပိုင်း အလျဉ်းသင့်သည့်အချိန်တွင် လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က အမေရိကန်နိုင်ငံ ကက်ပီတိုလွှတ်တော်၌ လူသေဆုံးသည်အထိ အဓိကရုဏ်းဖြစ်ပွားပြီးနောက် ယင်းဖြစ်စဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ထောက်ခံအားပေးသည့်အနေဖြင့် စက်တင်ဘာ ၁၈ ရက် (စနေနေ့)တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ လက်ယာယိမ်းဆန္ဒပြပွဲသို့ ထောက်ခံသူ ရာပေါင်းများစွာ...
ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၂ အာရှဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုအဆင့်ပွဲစဉ်များအဖြစ် မူလက လက်ဘနွန်နိုင်ငံတွင် စက်တင်ဘာ လ ၁၇ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း လက်ဘနွန်အသင်း နုတ်ထွက်သွားသည့် အတွက် အောက်တိုဘာ ၁၈ ရက်တွင် ကာဂျစ်စတန်နိုင်ငံတွင် ခြေစစ်ပွဲသွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်...
ဖနွမ်းပင် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံသည် အသက် ၆ နှစ်မှ ၁၂ နှစ် အရွယ်ရှိ ကလေးများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်း လှုပ်ရှားမှုအား စက်တင်ဘာ ၁၇ ရက်တွင် စတင်သွားမည် ဖြစ်ကြောင်း နိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန်က...
ဝါရှင်တန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နိုင်ငံတို့သည် သုံးနိုင်ငံလုံခြုံရေးမိတ်ဖက်သစ် ထူထောင်လိုက်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ်တွင် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် အာဖဂန် ပြည်သူ ၆၃၄,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (OCHA) က စက်တင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။