ဂျေရုဆလမ်၊ ဧပြီ ၃၀ရက် (ဆင်ဟွာ) ပါလက်စတိုင်းနှင့်အတူ အပစ်အခတ် ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ရန် အစ္စရေး ကိုယ်စားလှယ်အဖွဲ့ကို ဧပြီ ၃၀ ရက်တွင် အီဂျစ်သို့ စေလွှတ်မည်ဖြစ်ကြောင်း အစ္စရေး အစိုးရ တာဝန်ရှိသူများက ဧပြီ ၂၉ ရက်၌ ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်အား အတည်ပြုပြောကြားခဲ့ကြောင်း၊...
အော်စတင်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အော်စတင်မြို့ ရှိ တက္ကဆက်တက္ကသိုလ် ကျောင်းဝင်းအတွင်း ပါလက်စတိုင်းကို ထောက်ခံသော စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ထပ်မံကျင်းပခဲ့ရာ ဧပြီ ၂၉ ရက်တွင် ရဲများ၏ အတင်း လူစုခွဲခြင်း ခံခဲ့ရကြောင်း၊ ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ လူပေါင်း ၁၀၀...
စိန်ရန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်လေယာဉ်များမှ အမျိုးသမီးလေယာဉ်မှူး သင်တန်းသူများ ပထမအဖွဲ့သည် တစ်ကိုယ်တော်ပျံသန်းမှုများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ယခုအခါ ၎င်းတို့အနေဖြင့် လေယာဉ်ကို သီးခြားမောင်းနှင်နိုင်စွမ်းနှင့် ပျံသန်းနိုင်စွမ်းရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua) …………………………………….. (English Version) Chinese female carrier aircraft...
ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဧပြီ ၂၉ ရက်က ပေကျင်းမြို့၌ ပီရူးနိုင်ငံခြားရေးဝန်ကြီး González Olechea နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော...
ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ကျယ်ပြောလှသော ယူရေးရှားကုန်းမြေကို ကျော်ဖြတ်သည့် တရုတ်နိုင်ငံ ခေါင်းဆောင် သံတမန်ဆက်ဆံရေး ခရီးစဉ်သစ် ထပ်မံစတင်တော့မည် ဖြစ်သည်။ ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်၊ ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vučić၊ ဟန်ဂေရီနိုင်ငံ၏ သမ္မတ Tamás Sulyok နှင့်...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂၃၂၉ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၃,၉၉၉,၆၀၀ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၃၀.၄.၂၀၂၄) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ကျိုချွမ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၇ လူလိုက်ပါသောအာကာသယာဉ်သည် တရုတ်အာကာသစခန်းပေါင်းစပ်ယာဉ်မှ ဧပြီ ၃၀ ရက် ပေကျင်းစံတော်ချိန် ၈:၄၃ နာရီက ခွဲထွက်သွားပြီဖြစ်ကြောင်း၊ အာကာသယာဉ်မှူးများဖြစ်ကြသော ထန်းဟုန်ပေါ၊ ထန်းစိန့်ကျယ်နှင့် ကျန်းရှင်းလျင်တို့သည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အချိန် ၆ လကြာနေထိုင်ခဲ့ပြီးနောက် ကမ္ဘာမြေသို့ ပြန်လာနေပြီဖြစ်ကြောင်း...
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ဧပြီ ၂၉ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။ ၁။ အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၄ ခုနှစ် ဧပြီ ၂၈ ရက်က ကျင်းပသော စီးရီးအေဘောလုံးပွဲစဉ် အင်တာမီလန်အသင်းနှင့် တိုရီနိုအသင်း...
တွံတေး၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ အိုးဖို အရှေ့ ရပ်ကွက်ရှိ အိုးလုပ်ငန်းများတွင် ရိုးရာမြေအိုးများ ပြုလုပ်နေကြသည့် မြင်ကွင်းများကို ရိုက်ကူးဖော်ပြအပ်ပါသည်။ လက်ရှိတွင် ပညာရှင်နည်းပါးမှု၊ ကုန်ကြမ်းပစ္စည်း စျေးနှုန်းမြင့်တက်မှုများကြောင့် အိုးလုပ်ငန်းရုံ အချို့သာ လုပ်ငန်းလည်ပတ်နေကြရကြောင်း သိရသည်။ (Xinhua)
ရီယတ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ကမ္ဘာ့စီးပွားရေးဖိုရမ် အထူးအစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်တွင် ဧပြီ ၂၈ ရက်က ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ တိုးတက်မှုနှင့် စွမ်းအင်တို့ကို အဓိကထား အာရုံစိုက်ခဲ့ကြပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မည်သို့ အားကောင်းစေခြင်းဖြင့် ပိုမိုခိုင်မာသော ကမ္ဘာ့စီးပွားရေးကို တည်ဆောက်မည်ကို...