ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အလယ်ပိုင်းရှိ နေရာအတော်များများ၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ် ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာအား အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်ထံ ဒီဇင်ဘာ ၁၄ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။...
ကိုလံဘို၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်-သီရိလင်္ကာ ဖက်စပ်လုပ်ငန်း ဟမ်ဘန်တိုတာ(Hambantota)ဆိပ်ကမ်း ဘက်စုံစီမံကိန်းသို့ သီရိလင်္ကာ ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ခ်ဆာ က အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာ ၁၄ ရက်တွင် သွားရောက်စစ်ဆေးကြည့်ရှုခဲ့ရာ ဆိပ်ကမ်းလည်ပတ်မှုနှင့် ဥယျာဉ်ဇုန် ဖွံ့ဖြိုးရေးဆောင်ရွက်မှုများအား ကောင်းမွန်ကြောင်း မှတ်ချက်ပြုခဲ့သည်။ မဟင်ဒါ ရာဂျာပက်ခ်ဆာသည်...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့်ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရန် နှစ်နိုင်ငံငွေပေးချေမှု နှင့် စာရင်းရှင်းလင်းမှုစနစ်လွယ်ကူချောမွေ့စေရန် နှင့် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်၍ တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ...
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံ မြောက်ပိုင်း၌ လောင်စာဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံးလူပေါင်း ၆၀ ခန့် သေဆုံးပြီး အခြား ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မီဒီယာ နှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ကူမင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံတို့သည် ၁၁၂ ကြိမ်မြောက် မဲခေါင်မြစ်ပူးတွဲကင်းလှည့်ခြင်းအား ဒီဇင်ဘာ ၁၃ ရက်က ပြီးဆုံးခဲ့ပြီး တရုတ် ဥပဒေစိုးမိုးရေးရေယာဉ် ၄ စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။...
ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပညာရှင်များအဖွဲ့က ဒီမိုကရေစီကိုဦးတည်သည့် လမ်းကြောင်း စူးစမ်း ရှာဖွေရေးနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် အတူတကွလုပ်ဆောင်ရေး သီးခြားလွတ်လပ်သော ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာချက်ကို ဒီဇင်ဘာ ၁၃ ရက်၌ ထုတ်ပြန်ရန် နိုင်ငံနှင့် ဒေသပေါင်း ၁၄၀ မှ...
ကွေ့ယန်၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ တစ်ခုတည်းသော မြေပြန့်လွင်ပြင်မရှိသည့်ပြည်နယ် ကွေ့ကျိုး သည် Karst မြေမျက်နှာသွင်ပြင် ကုန်းပြင်မြင့်တွင် တံတားအစင်းရေ ၂ သောင်းကျော်ဖြင့် တောင်တန်းအသွယ်သွယ်အကြား “မြန်နှုန်းမြင့် မြေပြန့်လွင်ပြင်”အဖြစ် တည်ဆောက်ထားသည်။ ကွေ့ကျိုးပြည်နယ်ရှိ တံတားများသည် အရေအတွက်များပြားခြင်း၊ အမျိုးအစားစုံလင်ခြင်း၊ နည်းပညာရှုပ်ထွေးခြင်း၊ အကောင်အထည်ဖော်ရန် အလွန်ခက်ခဲခြင်း...
မနိလာ၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ၏ နှစ်ရှည်လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အလှည့်ကျ အထက်လွှတ်တော်အမတ် Christopher Go သည် ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၂ သမ္မတရွေးကောက်ပွဲမှ တရားဝင်နုတ်ထွက်ကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထောက်အပံ့ဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ၊ သုဝဏ္ဏ အဆင့်မြှင့်တင်ပြီးနောက် လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံထံ...
ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်သည် ကမ္ဘာတစ်ဝန်းကူးစက်မှုအန္တရာယ် “အလွန်မြင့်မား”ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ယင်း ဗိုင်းရပ်စ်မျိုးကွဲသည် ကာကွယ်ဆေးထိရောက်မှုကို လျော့နည်းစေသည်ဟု အထောက်အထားများတွင် ဖော်ပြထားသော်လည်း ရောဂါဖြစ်ပွားမှုအတိုင်းအတာကို လက်ရှိ လက်တွေ့ကုသမှုကိန်းဂဏန်းများအရ အတည်ပြုရန် မလုံလောက်သေးကြောင်း ဆိုသည်။...