ဂျနီဗာ ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ကမ္ဘာအနှံ့ COVID-19 ရောဂါ ဖြစ်ပွားမှုအသစ် အရေအတွက်သည် ပြီးခဲ့သော နှစ်လအတွင်း တိုးလာနေပြီး နိုင်ငံ ၊ နယ်မြေ သို့မဟုတ် ဒေသ ၁၄၈ ခုတွင် Delta မျိုးဗီဇပြောင်းပိုး ကူးစက်မှု ဖြစ်ပွားမှုများကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က...
လာဆာ ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ယနေ့ ဩဂုတ် ၁၉ ရက်တွင် ကျရောက်သော တိဘက်ငြိမ်းချမ်းစွာလွတ်မြောက်ခြင်း နှစ် ၇၀ ပြည့် (70th anniversary of Tibet’s peaceful liberation) အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ဒူဘိုင်း၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန် သမ္မတ Ghaniက ၎င်းသည် လက်ရှိ ယူအေအီး(အာရပ်စော်ဘွားများပြည်ထောင်စု)တွင် ရှိနေကြောင်း ၊ တာလီဘန်နှင့် ယခင်အာဖဂန်အစိုးရ အရာရှိများ၏တွေ့ဆုံဆွေးနွေးမှုကို ထောက်ခံကြောင်း ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ရုရှား MiG-29 တိုက်လေယာဉ်တစ်စင်းသည် ဩဂုတ် ၁၈ ရက်က နိုင်ငံအနောက်တောင်ပိုင်း Astrakhan ဒေသ၌ ပုံမှန် ပျံသန်းမှုပြုလုပ်စဉ် ပျက်ကျသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။
စရီနာဂါ၊ အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယား၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) စစ်သွေးကြွများဟုယူဆရသောသေနတ်သမားများသည် အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ၌ အိန္ဒိယအာဏာရ Bharatiya Janataပါတီ (BJP) မှ ဒေသအဆင့်ခေါင်းဆောင်တစ်ဦး ကို သြဂုတ် ၁၇ ရက် က လုပ်ကြံပစ်ခတ်ခဲ့ကြောင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း ဒီဂျစ်တယ်ယာဉ်မောင်းလိုင်စင် ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် လူဦးရေ ၁,၂၀၀ ခန့်နေထိုင်သော အယ်လ်ဒိုရာဒိုကောင်တီရှိ မြို့တစ်မြို့လုံး တောမီးလောင်ကျွမ်းပြီးနောက် လူနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက်ခဲ့ရကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် ကျူးလုံ (Zhurong) သည် သတ်မှတ်ထားသည့်အတိုင်း ၎င်း၏ စူးစမ်းလေ့လာရေးနှင့် ရှာဖွေတွေ့ရှိရေး လုပ်ငန်းများ ပြီးမြောက်လျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ဩဂုတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။
ဗီယင်ကျန်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Xaysomphone Phomvihane က အိမ်နီးချင်း ထိုင်းနိုင်ငံ၌ လုပ်ကိုင်နေကြသော လာအိုနိုင်ငံသားများအတွက် COVID-19 အကျပ်အတည်း ကျော်လွှားနိုင်ရေး ကူညီပေးရန် ထိုင်းနိုင်ငံသို့ ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) တူရကီ မောင်းသူမဲ့ဒရုန်းယာဉ်က ဩဂုတ် ၁၇ ရက်တွင် အီရတ်နိုင်ငံမြောက်ပိုင်း ကာဒစ္စတန်အလုပ်သမားပါတီနေရာတစ်ခုကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လက်နက်ကိုင် (၁၈)ဦး သေဆုံးခဲ့ကြောင်း အီရတ် စစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။