လန်ဒန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) လီဗာပူးလ်အသင်း နောက်ခံလူ ကော်နာ ဘရက်ဒလေမှာ ဇန်နဝါရီ ၈ ရက်က အမ်းမရိတ်ကွင်းတွင် အာဆင်နယ်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် ပွဲစဉ်၌ ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည့်အတွက် ယခုရာသီ လက်ကျန်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ အသက် ၂၂ နှစ်အရွယ်...
ဟားအယ်ပင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) လက်ရှိအချိန်သည် တရုတ်နိုင်ငံ “ရေခဲမြို့တော်” ဟားအယ်ပင်းမြို့၏ ရေခဲဆီးနှင်းရာသီရောက်ရှိချိန်ဖြစ်သည်။ ရေခဲဆီးနှင်းများဖုံးလွှမ်းနေသော ဟားအယ်ပင်းမြို့ရှိ ဆုန်းဟွာကျန်းမြစ်အပိုင်းသည် ရေခဲဆီးနှင်း အပန်းဖြေဥယျာဉ်အဖြစ် ပြောင်းလဲခဲ့ပြီး ခရီးသွားဧည့်သည်များနှင့် မြို့ခံများအား ရေခဲဆီးနှင်း ဖျော်ဖြေရေးနှင့် အားကစားများမှ ဆောင်ကြဉ်းပေးသော ပျော်ရွှင်မှုကို လာရောက်ခံစားရန် ဆွဲဆောင်လျက်ရှိသည်။ (Xinhua)...
ကိုင်ရို၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) အီရန်အစိုးရသည် ပြည်သူများ၏ တောင်းဆိုချက်ကို အထူးအလေးထား နားထောင်ကာ အီရန်ပြည်သူများ ရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲများကို ကောင်းမွန်စွာ ဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထားကြောင်း၊ သို့သော် အီရန်၌ မငြိမ်မသက်မှုများဖန်တီးရန် အမေရိကန်နှင့် အစ္စရေးတို့က “အဓိကရုဏ်းသမားများ” အား လှုံ့ဆော်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း အီရန်နိုင်ငံ...
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ်အတွက် အဓိကလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် စားသုံးမှုမြှင့်တင်ခြင်းနှင့် တံခါးဖွင့်လှစ်မှု တိုးချဲ့ခြင်းတို့ကို တစ်ဆင့်တိုး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်က ကျင်းပပြီးစီးခဲ့သည့် နှစ်ရက်ကြာ နိုင်ငံအဆင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲထံမှ သိရသည်။...
နယူးယောက်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ပထဝီနိုင်ငံရေး မရေရာမှုများ မြင့်တက်နေခြင်းကြောင့် အမေရိကန်နိုင်ငံ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ Gold Futures နှင့် Silver Futures ဈေးနှုန်းများသည် ဇန်နဝါရီ ၁၁ ရက်တွင် မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလ Gold Futures...
ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ်နှင့် အခြားဗင်နီဇွဲလားမြို့သုံးမြို့တွင် အမေရိကန်တပ်ဖွဲ့များက ဇန်နဝါရီလ ၃ ရက်၌ စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မာဒူရိုနှင့် ၎င်း၏ဇနီး Cilia Flores တို့ကို ဖမ်းဆီးခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများက ကမ္ဘာတစ်ဝန်းမှ ရှုတ်ချမှုနှင့် စိုးရိမ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ (Xinhua) ……………… (English...
ဝါရှင်တန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဆိုက်ဘာတိုက်ခိုက်မှု၊ ပိတ်ဆို့အရေးယူမှုနှင့် စစ်ရေးတိုက်ခိုက်မှု စသည်တို့အပါအဝင် အီရန်အပေါ် အမေရိကန်၏ နောက်တစ်ဆင့်အစီအမံများကို အမေရိကန် သမ္မတ ထရမ့်က အစိုးရအဆင့်မြင့်အရာရှိများနှင့် ဇန်နဝါရီ ၃ ရက်တွင် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း၊ သို့သော် ယင်းဆွေးနွေးပွဲတွင် ထရမ့်အနေဖြင့် နောက်ဆုံး ဆုံးဖြတ်ချက်...
ဟာဗားနား၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်၏ ခြိမ်းခြောက်မှုပြောကြားချက်များကို တုံ့ပြန်သောအားဖြင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez က အမေရိကန်၏ လုပ်ရပ်များသည် “ပြစ်မှုကျူးလွန်ခြင်းနှင့် ထိန်းမနိုင်သိမ်းမရ ဗိုလ်ကျခြင်း” ဖြစ်ရာ ကျူးဘားသာမက အနောက်ကမ္ဘာဘက်ခြမ်း၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုပါ ခြိမ်းခြောက်နေပြီး ကမ္ဘာတစ်ခုလုံးကိုလည်း အန္တရာယ်ဖြစ်စေကြောင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။...
လန်ဒန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်က ချန်ပီယံရှစ်ကလပ် ပို့စ်မောက်ကို အဝေးကွင်း၌ စောစောစီးစီး ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိကာ အက်ဖ်အေဖလား စတုတ္ထအဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ အဆိုပါပွဲစဉ်၌ ပွဲအစ သုံးမိနစ်တွင် ကိုလ်ဘီ ဘစ်ရှော့က...
ဒိုဟာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ကာတာနိုင်ငံ မြို့တော်ဒိုဟာ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ဒိုဟာ ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ပြိုင်ပွဲတွင် တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသမှ ကျူးယွီလျင် နှင့် တရုတ်ထိုင်ပေ တင်းနစ်အားကစားသမား လျင်ယွင်ရူ တို့က အမျိုးသမီးနှင့် အမျိုးသားတစ်ဦးချင်း ချန်ပီယံဆုများကို...