ဂျိုဟန္နက်စဗတ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း Jacob Zumaကို ဖမ်းဆီးအကျဉ်းချမှုကြောင့် အဓိကရုဏ်းများဖြစ်ပွားခဲ့ရာ အခင်းဖြစ်ရပ်ကြောင့် သေဆုံးသူ (၁၁၇)ဦး ရှိပြီဖြစ်ကြောင်း ယင်းနိုင်ငံ သမ္မတရုံး ခေတ္တဝန်ကြီး Khumbudzo Ntshavheniက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဘာလင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Rhineland-Palatinate ပြည်နယ်နှင့် North Rhine-Westphalia ပြည်နယ်တို့တွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ အနည်းဆုံး (၅၈)ဦးအထိရှိလာခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံမီဒီယာအရသိရသည်။
ဘာလင်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း၌ ဇူလိုင် ၁၄ ရက်ညတွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် လူ ၃၀ ဦးပျောက်ဆုံးနေကြောင်း ဒေသတွင်း မီဒီယာက ဇူလိုင် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
ဂျိုဟန်နက်စဘတ်မြို့ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း Jacob Zumaကို ဖမ်းဆီးအကျဉ်းချမှုကြောင့် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ အချင်းဖြစ်ရပ်ကြောင့် ယနေ့အထိ သေဆုံးသူ (၇၂)ဦး၊ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ (၁,၂၃၄)ဦး ရှိကြောင်း တောင်အာဖရိက ရဲတပ်ဖွဲ့က ဇူလိုင် ၁၃ ရက်ညပိုင်းတွင် ပြောကြားခဲ့သည်။
တိုကျို ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ပြည်ပမှ အားကစားသမားတစ်ဦးသည် အိုလံပစ်အားကစားပွဲမတိုင်မီ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိလာပြီးနောက် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ပွဲစီစဉ်သူများက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဝါဆော၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Mateusz Morawiecki က ၎င်း၏အစိုးရအနေဖြင့် အသက် ၁၂ နှစ်အောက် ကလေးများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဖြင့် နေ့စဉ်သေဆုံးမှု စာရင်းအရ ဇူလိုင် ၁၅ ရက်တွင် ထပ်မံသေဆုံးသူ ၉၈ ဦးရှိရာ နိုင်ငံအတွင်း စုစုပေါင်းသေဆုံးသူဦး ရေ ၃,၀၃၂ ဦးအထိ မြင့်တက်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်သည့် အချက်အလက်များအရ...
ပေကျင်း၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံအတွင်း ကာကွယ်ဆေးပံ့ပိုးမှု အာမခံချက်ရှိစေရန်အတွက် ပြည်တွင်းထုတ် AstraZeneca ကိုဗစ်ကာကွယ်ဆေး တင်ပို့မှုကို ထိန်းချုပ်ရန် အစိုးရက ချိန်ဆလျက်ရှိသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
အေသင်၊ ဇူလိုင် ၁၅ (ဆင်ဟွာ) ဂရိနိုင်ငံတွင် မကြာသေးမီက COVID-19 ရောဂါ မြင့်တက်လာခြင်းသည် မေလလယ်ပိုင်းက နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းနှင့် ဆက်စပ်မှုမရှိကြောင်း ဂရိ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Harry Theoharis က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ရောဂါပြန့်နှံမှုအား ကာကွယ်ရန် ဇူလိုင် ၁၈ ရက်မှ စတင်၍ တစ်လကြာ ဗီယက်နမ်နိုင်ငံနှင့် နယ်စပ်အား ယာယီပိတ်ထားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Ouch Borith က ပြောကြားခဲ့သည်။