လန်ကျိုး၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် ဟွမ်ရှန့်ခရိုင်တွင် ရေနံတန်ချိန် သန်း ၁၀၀ ကျော်ရှိ၍ ကြီးမားပြီး ကောင်းမွန်စွာထိန်းသိမ်းထားသော ရေနံလုပ်ကွက်တစ်ခုကို PetroChina ၏ လုပ်ငန်းခွဲ Changqing Oilfield က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ကိဗ်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံက ကီလိုမီတာ ၁၀၀ အကွာအဝေးရှိ လေကြောင်းရန်များကို ကြားဖြတ်နိုင်စွမ်းရှိသော လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရန် အစီအစဉ်များချမှတ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အစိုးရပိုင် Ukrinform သတင်းအေဂျင်စီက ဒီဇင်ဘာ ၁ ရက်၌ သတင်းဖော်ပြထားကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ တက်ကြွမှု၊ ပွင့်လင်းမှုနှင့် ဆန်းသစ်မှုအရှိဆုံးမြို့အစုအဝေးအနက် တစ်ခုဖြစ်သော ယန်ဇီမြစ်ဝှမ်းဒေသသည် အဓိကအကျိုးကျေးဇူးများ ရရှိခံစားလျက်ရှိသလို စုပေါင်းဖွံ့ဖြိုးတိုးတက်မှုမှ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ ဦးဆောင်လမ်းပြအဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့ကြောင်း၊ ယင်းဒေသကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံ၏ မဟာဗျူဟာအဖြစ် လွန်ခဲ့သောငါးနှစ်အကြာက အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဟားမက်စ်က ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးဓားစာခံ နောက်ထပ် ၆ ဦးကို နိုဝင်ဘာ ၃၀ ရက်က လွှတ်ပေးခဲ့ကြောင်း၊ ယင်းနေ့အစောပိုင်းကလည်း အမျိုးသမီး ဓားစာခံနှစ်ဦး လွှတ်ပေးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။
ဗီယင်နာ ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ရေနံ အဓိက ထုတ်လုပ်တင်ပို့ရောင်းချသည့် နိုင်ငံများ အဖွဲ့အစည်းဖြစ်သည့် (OPEC) ၏ အတွင်းရေးမှူးချုပ်ရုံးက နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။ အထက်ပါ ထုတ်ပြန်ကြေညာချက်တွင် OPEC အဖွဲ့ဝင် နိုင်ငံများနှင့် OPEC...
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စစ်တပ်သည် အမေရိကန်စစ်တပ်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များရရှိခဲ့သော သဘောတူညီချက်များ အကောင်အထည်ဖော်ရန် အသင့်ရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။
ဂျေရုဆလင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်များကို တိုက်ခိုက်မှု ဒီဇင်ဘာ ၁ ရက်၌ ပြန်လည်စတင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ကြေညာချက်တွင် ပြောကြားခဲ့သည်။
ဂါဇာ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး လူပေါင်း ဒါဇင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသမှ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၁ ရက်တွင် ပြောသည်။ (Xinhua) ———————–...
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျား ကွယ်လွန်ခြင်းအတွက် ကြေကွဲဝမ်းနည်းကြောင်း သဝဏ်လွှာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ထံ နိုဝင်ဘာ ၃၀ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ကိုယ်စားအရသော်လည်းကောင်း၊ ၎င်းကိုယ်တိုင်အနေဖြင့်သော်လည်းကောင်း...
ဖနွမ်းပင်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် သုံးရက်ကြာကျင်းပသော ရေသဘင်ပွဲတော်က မြို့တော် ဖနွမ်းပင်သို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၄.၉ သန်းခန့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ သိရသည်။ နိုဝင်ဘာ ၂၆...