ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့အား ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် G20 ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး၌ တရားဝင် တည်ထောင်သွားမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံ သမ္မတ လူလာက ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ထိုနေ့က ရီယိုဒီဂျနေးရိုးမြို့တွင်...
မော်စကို၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Kaluga ဒေသတွင် Mi-28 ရဟတ်ယာဉ် ပုံမှန်ပျံသန်းနေစဉ် ပျက်ကျသွားခဲ့ရာ ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသူများ သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ ရဟတ်ယာဉ်ပျက်ကျသောနေရာမှာ လူမနေသောဧရိယာဖြစ်သဖြင့် မြေပြင်၌ အပျက်အစီးမရှိကြောင်း၊ ကနဦးတွေ့ရှိချက်အရ နည်းပညာချို့ယွင်းမှုကြောင့် ပျက်ကျရခြင်းဖြစ်ကြောင်း...
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က အလိုရှိနေပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေသော မူးယစ်ဆက်စပ်တရားခံပြေး သုံးဦးကို နှစ်နိုင်ငံကြား တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဘက်မှ လွှဲပြောင်းပေးခဲ့သော တရားခံပြေးသုံးဦးကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က...
Omdurman၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံတွင် တစ်နှစ်ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားခြင်းကြောင့် လူပေါင်း ၉ ဒသမ ၄ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဆိုင်အများအပြား ပိတ်ခဲ့ရကြောင်း၊ ပေါင်မုန့်အပါအဝင် ကုန်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာပြီး ပြည်သူအများအပြားမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ...
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ပဲရစ်အိုလံပစ်အားကစားပွဲတွင် ကြက်တောင်အားကစားနှင့် ရေကူးအားကစား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ၏ သတင်းဖော်ပြချက်အရ သိရသည်။ ကြက်တောင်အားကစားမယ်ဖြစ်သော မသက်ထားသူဇာသည် ကြက်တောင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သလို မောင်ဘုန်းပြည့်ဟန်ကလည်း အမျိုးသား မီတာ ၁၀၀ အလွတ်ရေကူးအားကစား၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။...
ဖူကျိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင် ယခုနှစ်၏ တတိယမြောက် တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာသဖြင့် ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီအထိ ဒေသခံ ၁၅၆,၈၀၀ ဦးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့သည်။ ထို့ပြင် ယင်းပြည်နယ်၏...
ဂျကာတာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ ဒီဇယ်အင်ဂျင်သုံး ရထားစက်ခေါင်းများအား စားအုန်းဆီ ၄၀ ရာခိုင်နှုန်းပါဝင်သည့် ဇီဝလောင်စာဖြင့် ပထမဆုံး စမ်းသပ်ပြေးဆွဲရန် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယခုအစီအစဉ်သည် စားအုန်းဆီ အခြေခံထုတ်လုပ်သည့် ဇီဝလောင်စာများကို သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် သုံးစွဲရန် အစိုးရ၏ ဆောင်ရွက်ချက်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့်...
ဘာလင်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Scholz သည် ၂၀၂၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်ရွေးကောက်ပွဲတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံရန် ကြိုးပမ်းမည်ဟု ဘာလင်မြို့တွင် ဇူလိုင် ၂၄ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။ လက်ရှိတွင်...
မနီလာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာနှင့် မြောက်ပိုင်း ပြည်နယ်များတွင် တိုင်ဖွန်းမုန်တိုင်း ဂေမီနှင့်အတူ အနောက်တောင်မုတ်သုံလေ တိုက်ခတ်မှုကြောင့် ဇူလိုင် ၂၄ ရက်က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ရာ မြို့တော်မနီလာနှင့် အနီးတစ်ဝိုက်ကို ကပ်ဘေးအခြေအနေတစ်ရပ်အဖြစ် ကြေညာခဲ့ရသည်။ တိုင်ဖွန်းမုန်တိုင်းကြောင့် လူဦးရေ ၁၃...
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်ဖြင့် ပါလက်စတိုင်း အဖွဲ့ ၁၄ ဖွဲ့၏ အဆင့်မြင့် ကိုယ်စားလှယ်များသည် ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ ပေကျင်းမြို့တွင် ပြန်လည်သင့်မြတ်ရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ...