ကျိုချွမ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ရှန်ကျိုး-၁၉ လူတင်အာကာသမစ်ရှင်၏ အာကာသယာဉ်မှူး သုံးဦးလုံးသည် ဧပြီ ၃၀ ရက် မွန်းလွဲပိုင်း၌ ကမ္ဘာမြေသို့အပြန်ယာဉ် (return capsule) အပြင်ဘက်ထွက်လာခဲ့ပြီဖြစ်ကြောင်းနှင့် ယင်းမစ်ရှင်မှာ အောင်မြင်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) က ကြေညာခဲ့သည်။
မာပူတို၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ သမ္မတ ဒါနီရယ် ချာပို စတင်တာဝန်ယူသည့် ပထမဆုံး ရက် ၁၀၀ အတွင်း တရုတ်နိုင်ငံမှာ မိုဇမ်ဘစ်နိုင်ငံ၏ အရေးပေါ်အခြေအနေ တုံ့ပြန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အများဆုံး ကူညီထောက်ပံ့ပေးသည့် နိုင်ငံတကာ မိတ်ဖက်အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။
နယူးယောက်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ယခုနှစ်တွင် ဝန်ထမ်းပမာဏ အများအပြားလျှော့ချခြင်းနှင့် လည်ပတ်နေသည့်ဌာနအများအပြား ပိတ်သိမ်းခြင်း စသည့် နည်းလမ်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချပြီး အမြတ်အစွန်းရနိုင်စွမ်းကို မြှင့်တင်သွားမည် ဖြစ်ကြောင်း အမေရိကန် United Parcel Service, Inc.(UPS) က ဧပြီ ၂၉ ရက်တွင်...
နန်ကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ရုတ်နိုင်ငံ နန်ကျင်း တရုတ်တိုင်းရင်းဆေးတက္ကသိုလ် အမှတ် (၂) ပူးတွဲဆေးရုံ (ကျန်းဆူးပြည်နယ် အမှတ် (၂) တရုတ်တိုင်းရင်းဆေးရုံ) ပြန်လည်သန်စွမ်းရေး အပ်စိုက်ကုထုံးဌာနတွင် ပြင်ပလူနာဌာနမှ လူနာများက အလယ်အာရှဒေသ မျက်နှာပေါက်ဖြင့် “နိုင်ငံခြားသားဆရာဝန်” တစ်ဦးကို မကြာခဏတွေ့မြင်ရလေ့ရှိသည်။
ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တရုတ်-ကနေဒါ ဆက်ဆံရေး ကိစ္စရပ်တွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်သမတ်တည်း၊ အတိအလင်း ဖြစ်ကြောင်း၊ အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုတို့ အပေါ် အခြေခံ၍ တရုတ်-ကနေဒါ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက...
ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ စည်းကြပ်ခွန်စစ်ပွဲဆိုင်ရာ ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်းထောက်များ၏ မေးခွန်းများကို ဧပြီ ၂၉ ရက်တွင် ဖြေကြားခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်မီဒီယာများ၏ အတည်မပြုရသေးသော သတင်းနှင့်စပ်လျဉ်း၍ အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်က ဧပြီ ၂၉ ရက်တွင် အစောဆုံး သဘောထား ထုတ်ပြန်ပြောကြားခဲ့ရာ အဆိုပါသတင်းတွင် အမေရိကန်၏ အွန်လိုင်း လက်လီရောင်းချရေး ထိပ်တန်းကုမ္ပဏီ အမေဇုံ (Amazon)...
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ မန္တလေးငလျင်ကြောင့် ဧပြီလ ၂၉ ရက်အထိ သေဆုံးသူ ၃,၇၉၈ ဦးထိရှိလာကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
အော့တဝါ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ကနေဒါ ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့မှာ မကြာမီအချိန်အတွင်း လူချင်းတွေ့ဆုံရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ကျိုချွမ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အာကာသယာဉ်မှူးများဖြစ်သော ချိုက်ရွှိကျယ်၊ စုန့်လင့်တုန်းနှင့် ဝမ်ဟောက်ကျယ်တို့ကို တင်ဆောင်လာသော ရှန်ကျိုး-၁၉ လူတင်အာကာသယာဉ်၏ ကမ္ဘာမြေသို့အပြန်ယာဉ် (return capsule) သည် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်း အာကာသယာဉ်ဆင်းသက်နေရာသို့ ဧပြီ ၃၀ ရက်၌ ဆင်းသက်ရောက်ရှိလာခဲ့ကြောင်း...