ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို သတ်မှတ်ထားသော စံလုပ်ထုံးလုပ်နည်းများနှင့် အညီ ဒီဇင်ဘာလ ၁၆ ရက်မှ စတင်၍ ပျံသန်းပြေးဆွဲသွားမည် ဖြစ်ပြီး လေဆိပ်အဆောက်အအုံအတွင်းသို့ တရားဝင်လေယာဉ်လက်မှတ်...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၇၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ဒီဇင်ဘာ ၁၄ ရက်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ၁၉ ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး (အွန်လိုင်း)ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြပွဲတွင် ပြခန်းပေါင်း ၉၀ ခန့် ပါဝင်ပြသကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံ့လူဦးရေ ၄၀ ရာခိုင်နှုန်းခန့်ကို COVID-19 ကာကွယ်ဆေး လွှမ်းခြုံနိုင်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group – NITAG)...
ဗီယင်ကျန်း၊ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် လာအိုနိုင်ငံတွင် နောက်ထပ်လူနာတစ်ဦး ရောဂါသက်သာပျောက်ကင်းသွားကြောင်း နှင့် ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် COVID-19 ရောဂါကူးစက်မှုအသစ်လုံးဝ မရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံတွင် (၄) ရက်အတွင်း အတည်ပြုလူနာ (၁)သန်းကျော် တိုးလာခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံတွင် တစ်ရက်ထဲ အတည်ပြုလူနာ ပထမဆုံးအကြိမ်အဖြစ် (၃,၀၀၀)ကျော်ရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၃ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။ (၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏...
နယူးယောက် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံနယူးယောက်မြို့ မန်ဟက်တန်ရှိ ဘုရားကျောင်းတစ်ခု၌ ယနေ့ ဒီဇင်ဘာ ၁၃ ရက်(ဒေသစံတော်ချိန်)တွင် ခရစ်စမတ်ဖျော်ဖြေပွဲတစ်ခုကျင်းပပြုလုပ်နေစဉ် သေနတ်သမားတစ်ဦးက လူအုပ်အနီးပစ်ခတ်မှုကျူးလွန်ခဲ့ရာ ယင်းသေနတ်သမားအား ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၂၇ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၂၃ ဦးထပ်တိုးလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညထုတ်ပြန်မှုအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အရေးပေါ် အသုံးပြုရန် အမေရိကန်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံများက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းနှင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အထွေထွေနည်းလမ်းများကို အသုံးပြုရန် လိုအပ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၁၂ ရက်အထိ ရရှိသည့် သတင်းများအရ...
ဝါရှင်တန်၊ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံရှိ ပြည်နယ်များနေဖြင့် (အမေရိကန်ဒေသစံတော်ချိန်) ဒီဇင်ဘာ ၁၄ ရက် (တနင်္လာနေ့)တွင် Pfizer – BioNTech COVID-19 ရောဂါကာကွယ်ဆေး ပထမ အသုတ်ကို စတင်လက်ခံရရှိမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာက ဒီဇင်ဘာ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။