ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၂၂၇ဦး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း COVID-19 အတည်ပြု လူနာ စုစုပေါင်း ၉၀,၀၀၀အထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏...
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်ထပ်တိုးတည်ပြုလူနာ အရေအတွက် (၁) သိန်းကျော် ရက်ပေါင်း (၂၀) ကျော် ဆက်တိုက်ရှိနေခဲ့ပြီး ဟန်ဂေရီနိုင်ငံတွင် တစ်ရက်အတွင်း အတည်ပြုလူနာနှင့်သေဆုံးလူနာဦးရေ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း နိုဝင်ဘာ ၂၉ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့မှ ရန်ကုန်မြို့သို့ သယ်ဆောင်ရောင်းဝယ်သည့် ကျပ် ၂.၇၉၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား မင်္ဂလာဒုံမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ကပ်ရောဂါဘေးကြောင့် ပြတိုက်များကို ယာယီပိတ်ထားသော်လည်း ပြတိုက်များပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားလာပါက သက်ဆိုင်ရာ ပြတိုက်များအလိုက် သတ်မှတ်ခွင့်ပြု လူဦးရေဖြင့်ဝင်ရောက်ကြည့်ရှုခွင့်ပြု သွား နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်များကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL) ထံမှ သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး Chang’e-5 စူးစမ်းလေ့လာရေးယာဉ်သည် နိုဝင်ဘာ ၂၉ ရက် ၂၀ နာရီ ၂၃ မိနစ်က လကမ္ဘာအနီးတွင် နောက်ထပ် တစ်ကြိမ် (အရှိန်ထိန်း)ဘရိတ်အုပ်ထိန်းချုပ်၍ ဘဲဥပုံသဏ္ဍာန် လကမ္ဘာ ဂြိုဟ်ပတ်လမ်းကြောင်းမှ စက်ဝိုင်းပုံသဏ္ဍာန်လကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းအနီးသို့ ပျံသန်းမောင်းနှင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု...
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် နိုင်ငံတော်မှထုတ်ဝေထားသည့် ငွေစက္ကူအား Live လွှင့်၍ မီးရှို့ပြသူ နှစ်ဦးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 အတည်ပြုလူနာသစ် (၁,၅၀၉) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၈၉,၄၈၆) ဦးရှိလာပြီဖြစ်ကြောင်း၊ ယနေ့တွင် (၃၁)ဦးထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၉၁၈) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၉ ရက်ည ၈နာရီ...
ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ကျပ် ၅ ဒသမ၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)၏ ယနေ့...
ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ကပ်ရောဂါကို အလေးထားကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း ထောက်ခံချက် အတုအပ ပြုလုပ်၍ မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်မှုအားလုံးကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။