ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အန်နီမေးရှင်းရုပ်ရှင် လက်မှတ်ရောင်းအားသည် ၂၀၂၅ ခုနှစ်တွင် ယွမ် ၂၅ ဘီလီယံကျော်လွန်ခဲ့ပြီး ယင်းမှာ နိုင်ငံသမိုင်းတွင် အန်နီမေးရှင်းရုပ်ရှင်များအတွက် ဝင်ငွေအမြင့်မားဆုံးနှစ်ဖြစ်စေခဲ့ကြောင်း အွန်လိုင်းလက်မှတ်ရောင်းချမှု ပလက်ဖောင်းမှ အချက်အလက်များအရ သိရသည်။
ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ထိုင်းစစ်တပ်သည် F-16 တိုက်လေယာဉ် စေလွှတ်ကာ ကမ္ဘောဒီးယားရှိ ကွန်ကရစ်တံတားတစ်စင်းကို ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဒီဇင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အားလီ (ရှီးဇန့်)၊ ဒီဇင်ဘာ ၂၁11 ရက် (ဆင်ဟွာ) ယခုနှစ် ဒီဇင်ဘာ ၁၈ ရက်သည် ရှီးဇန့်ပြက္ခဒိန်အရ ၁၀ လပိုင်း ၂၉ ရက်ဖြစ်သည်။
ကူမင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံ၊ ဝူးတုန်းတယ် ရေအားလျှပ်စစ်စက်ရုံ တို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် စီချွမ်းပြည်နယ် ထိစပ်ရာ ကျင်းဆားမြစ်ကြောင်းပေါ်တွင် တည်ရှိရာ “အနောက်ဒေသမှ အရှေ့ဒေသသို့ ဓာတ်အားပို့လွှတ်ရေး” ကို ဖော်ဆောင်သည့် နိုင်ငံ၏ အရေးကြီးအစီအစဉ်ကြီးဖြစ်သည်။
လီဖိန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချန်တုန်းနန် မြောင်လူမျိုး၊ တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လီဖိန်ခရိုင်တွင် တုန့်လူမျိုးတို့၏ နှစ်ကူးပွဲတော်အစီအစဉ်များကို ဒီဇင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပလျက်ရှိရာ တုန့်လူမျိုးများနှင့် တူစုံလက်ညီ ပျော်ရွှင်စွာဆင်နွှဲကြရန် ဒေသအသီးသီးမှ ခရီးသွားဧည့်သည်များကို...
ကွမ်ယွမ် (စီချွမ်း)၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) စီချွမ်းလမ်းမကြီး (Shu dao) မှ တရုတ်နိုင်ငံ စီချွမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်သည့် ပထမဆုံးခရီးစခန်းအနေဖြင့် စီချွမ်းပြည်နယ် ကွမ်ယွမ်မြို့သည် ယခင်က “ကောင်းကင်သို့ တက်သကဲ့သို့ ခက်ခဲသည်” ဟူ၍ ကျော်ကြားခဲ့သည်။
မက်ဒရစ်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က ဆီဗီလာကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အငြင်းပွားဖွယ် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာနှင့် တစ်မှတ်အကွာသို့ ရောက်ရှိလာခဲ့သည်။
တိုကျို၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခြင်းက ဂျပန်နိုင်ငံအတွက် လုံးဝအကျိုးပြုနိုင်မည်မဟုတ်ဟု ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှိဂဲရု အီရှီဘာက ဒီဇင်ဘာ ၂၀ ရက်၌ ပြောကြားလျက် ဂျပန်အနေဖြင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားသင့်သည်ဟူသော ဂျပန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦး၏ အငြင်းပွားဖွယ် မှတ်ချက်စကားကို တုံ့ပြန်ခဲ့သည်။
လန်ဒန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား မိုဟာမက် ဆာလာက မကြာသေးမီက လူသိရှင်ကြားပြောဆိုခဲ့သည့် မှတ်ချက်စကားများအတွက် အသင်းဖော်များကို ပြန်လည်တောင်းပန်ခဲ့သည်ဟု လီဗာပူးလ် ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
မန်ကျိုးလီ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)