ပေကျင်း၊ဩဂုတ်၂၅ရက်(ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးအစီအစဉ်တွင်နိုင်ငံနှင့်ဒေသပေါင်း၁၇၂ခုပါဝင်ပြီဖြစ်ကြောင်းနှင့်အမေရိကန်တွင်ပလာစမာကုထုံးကိုအရေးပေါ်အသုံးပြုရန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းဩဂုတ်၂၄ရက်ကမ္ဘာ့ကပ်ရောဂါအခြေအနေဆိုင်ရာသတင်းအချက်အလက်များအရသိရသည်။ (၁) ကမ္ဘာလုံးဆိုင်ရာကိန်းဂဏန်းအချက်အလက်များ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ဩဂုတ်၂၄ရက်ဗဟိုဥရောပစံတော်ချိန်(CET) ၁၄နာရီ၂၂မိနစ်အထိကိန်းဂဏန်းများအရကမ္ဘာတစ်ဝန်းCOVID-19ရောဂါအတည်ပြုလူနာအရေအတွက်သည်ပြီးခဲ့သောရက်ကထက်၂၅၃,၉၆၃ဦးတိုးမြင့်လာပြီးအသစ်ထပ်တိုးသေဆုံးသူ၅,၅၀၁ဦးရှိရာစုစုပေါင်းအတည်ပြုလူနာ၂၃,၃၁၁,၇၁၉ဦးနှင့်စုစုပေါင်းသေဆုံးသူ၈၀၆,၄၁၀ဦးအသီးသီးရှိလာကြောင်းသိရသည်။ အမေရိကန်နိုင်ငံဂျွန်ဟော့ကင်းတက္ကသိုလ်၏ပေကျင်းစံတော်ချိန်ဩဂုတ်၂၅ရက်၆နာရီတွင်ထုတ်ပြန်သည့်ကိန်းဂဏန်းအချက်အလက်များအရကမ္ဘာတစ်ဝန်းCOVID-19ရောဂါဖြစ်ပွားသူစုစုပေါင်း၂၃,၅၃၁,၂၇၃ဦး၊ စုစုပေါင်းသေဆုံးသူ၈၁၀,၃၄၀ဦးရှိပြီဖြစ်ကြောင်းသိရသည်။အမေရိကန်နိုင်ငံသည်တစ်ကမ္ဘာလုံးတွင်ကပ်ရောဂါအခြေအနေအဆိုးဝါးဆုံးနိုင်ငံဖြစ်ပြီးအတည်ပြုလူနာ၅,၇၃၅,၇၇၁ဦးနှင့်သေဆုံးသူ၁၇၇,၁၇၉ဦးရှိကြောင်းသိရသည်။ အမေရိကန်နိုင်ငံဝါရှင်တန်မြို့၏မြင်ကွင်းတစ်နေရာအားဩဂုတ်၂၃ရက်ကတွေ့ရစဉ်(ဆင်ဟွာ) (၂)သတင်းအချက်အလက်စုစည်းချက်များ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ဦးဆောင်သည့်COVAX ကမ္ဘာလုံးဆိုင်ရာCOVID-19ကာကွယ်ရေးအစီအစဉ်တွင်လက်ရှိပါဝင်သည့်နိုင်ငံနှင့်ဒေသပေါင်း၁၇၂ခုရှိပြီဖြစ်ရာ၂၀၂၁ခုနှစ်နှစ်ကုန်ပိုင်းမတိုင်မီတစ်ကမ္ဘာလုံးအတိုင်းအတာအရလုံခြုံထိရောက်သည့်ကိုဗစ်ကာကွယ်ဆေး၂ဘီလီယံပံ့ပိုးနိုင်ရန်ရည်ရွယ်ကြောင်းWHO ညွှန်ကြားရေးမှူးချုပ်တက်ဒရော့စ်ကဩဂုတ်၂၄ရက်တွင်ပြောကြားခဲ့သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူချုပ်၏ဆီးရီးယားအရေးတိုင်ရာအထူးသံတမန်ရုံးကဩဂုတ်၂၄ရက်ညနေပိုင်းထုတ်ပြန်ချက်တွင်ဂျီနီဗာမြို့၌ကျင်းပသောဆီးရီးယားဖွဲ့စည်းပုံအခြေခံဥပဒေရေးရာအဖွဲ့ဆွေးနွေးပွဲသို့လာရောက်သည့်ဆီးရီးယားကိုယ်စား၃ဦးတွင်COVID-19ဆေးစစ်မှုpositive ဖြစ်နေသောကြောင့်ယင်းနေ့တွင်ကျင်းပမည့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကိုခေတ္တရပ်နားခဲ့ရကြောင်းသိရသည်။ အမေရိကန်နိုင်ငံဝါရှင်တန်မြို့၏မြင်ကွင်းတစ်နေရာအားဩဂုတ်၂၃ရက်ကတွေ့ရစဉ်(ဆင်ဟွာ) အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ဩဂုတ်၂၃ရက်တွင်ထုတ်ပြန်သည့်အရေးပေါ်အသုံးပြုခွင့်ကြေညာချက်တွင်အမေရိကန်နိုင်ငံဆေးကုသရေးဌာနများအနေဖြင့်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်ပြန်လည်ကျန်းမာလာသူတို့၏သွေးရည်ကြည်ပလာစမာ(plasma)ဖြင့်ဆေးရုံများတွင်တက်ရောက်ကုသမှုခံယူနေသောကိုဗစ်လူနာများကိုကုသရန်ခွင့်ပြုလိုက်ကြောင်းသိရသည်။ပြန်လည်ကျန်းမာလာသောကိုဗစ်လူနာများ၏ပလာစမာသည်ဆေးရုံတင်လူနာများ၏ရောဂါအခြေအနေကိုသက်သာစေနိုင်ခြင်းသို့မဟုတ်ရောဂါကုသသည့်အချိန်ကိုတိုတောင်းစေနိုင်ကြောင်းFDAကယူဆသည်။ပလာစမာကုထုံး (Plasma therapy)တွင်သိရှိထားသောအကျိုးဖြစ်ထွန်းနိုင်ခြေသည်သိရှိထားပြီဖြစ်သောအန္တရာယ်ဖြစ်နိုင်ခြေထက်များကြောင်းဆိုသည်။ နယူးဇီလန်နိုင်ငံတွင်လာမည့်အပတ်တနင်္လာနေ့မှစ၍အများသုံးဘတ်စ်ကားစီးသူများအနေဖြင့်ပါးစပ်နှာခေါင်းစည်းတပ်ရမည်ဖြစ်ကြောင်းနယူးဇီလန်နိုင်ငံအစိုးရကဩဂုတ်၂၄ရက်တွင်ကြေညာခဲ့သည်။၎င်းမှာCOVID-19ရောဂါဖြစ်ပွားသည့်အချိန်ကာလတွင်ပထမဆုံးအကြိမ်အဖြစ်အများပြည်သူသွားလာရာနေရာတွင်နှာခေါင်းစည်းမဖြစ်မနေတပ်စဉ်ရန်နယူးဇီလန်အစိုးရကအမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်အပတ်တွင်အာဖရိကတိုက်၏နေ့စဉ်အသစ်ထပ်တိုးလူနာအရေအတွက်သည်ပျမ်းမျှအားဖြင့်၁၀,၃၄၄ဦးရှိပြီးထိုမတိုင်မီအပတ်တွင်နေ့စဉ်ပျမ်းမျှ၁၁,၄၉၄ဦးရှိကြောင်း၊၎င်းမှာအာဖရိကတိုက်တွင်အသစ်ထပ်တိုးလူနာအရေအတွက်လျော့ကျလာခြင်းဖြစ်ရာအာဖရိကတိုက်၏ကပ်ရောဂါထိန်းချုပ်ရေးအတွက်မျှော်လင့်ချက်အချို့ပင်ဖြစ်ကြောင်းအာဖရိကရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာညွှန်ကြားရေးမှူးJohn Nkengasong ကဩဂုတ်၂၃ရက်တွင်ပြောကြားခဲ့သည်။ (Xinhua)
နေပြည်တော်၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) ပုဂ္ဂလိကပိုင် ပုံနှိပ်မီဒီယာများ အွန်လိုင်း မီဒီယာ အသစ်သို့ အသွင် ကူးပြောင်းရာတွင် ကြုံတွေ့ရမည့် အခက်အခဲများ ၊ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရေး ပြန်ကြားရေး ဝန်ကြီးဌာနက ကူညီရန် အဆင်သင့် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက...
ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ ခေါင်းဆောင် လျူဟဲသည် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့...
မနီလာ၊ဩဂုတ်၂၅ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Sulu ပြည်နယ် Joloမြို့တွင် ဩဂုတ်၂၄ ရက်က ဖောက်ခွဲတိုက်ခိုက်မှုနှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၅ ဦး သေဆုံးပြီး ဒဏ်ရာသူ ၇၅ ဦး ရှိကြောင်းသိရသည်။
ရန်ကုန် ၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် စေတနာ့ ဝန်ထမ်းလူငယ်များ အလှည့်ကျ တစ်လခန့်ကြာ လုပ်အားပေး တာဝန် ထမ်းဆောင်ရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) တစ်နိုင်ငံလုံးတွင် COVID-19 ကိုဗစ်ဒုတိယလှိုင်းမဖြစ်အောင် အားလုံးပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဟန့်တားနိုင်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေများနှင့်စပ်လျဉ်း၍ ယနေ့ညပိုင်း၌ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင်...
ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ် ၉ ခုတွင် ရေကြီးရေလျှံမှုများကြောင့် ယနေ့ မွန်းလွဲပိုင်းအထိ လူဦးရေ ၁၉,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး သေဆုံးသူ လေးဦး ရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ...
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ(၁၁) ဦးထပ်မံတွေ့ရှိသဖြင့် အတည်ပြုလူနာစုစုပေါင်း ၄၇၄ ဦးထိရောက်ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသားများအတွက် ဗီဇာအဆင်ပြေစွာ လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ယနေ့ ဩဂုတ် ၂၄ ရက်စွဲဖြင့် ထုတ်ပြန် အကြောင်းကြားခဲ့သည်။