ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ပါးစပ်နှင့် နှာခေါင်းစည်းကို နေ့စဉ်ဘဝတွင် ပုံမှန်တပ်ဆင်ကြမှသာလျှင် ရောဂါကူးစက် ပြန့်ပွားမှုကို ဆက်လက် ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်သဖြင့် လူအများစုဝေးနေထိုင် ပြောဆိုလုပ်ကိုင်ရာနေရာတိုင်းတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး စီမံချက်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန...
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အမတ်နေရာ စုစုပေါင်း ၃၉၆ နေရာဖြင့် အများဆုံး အနိုင်ရရှိထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ည (၈)နာရီအထိ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
မနီလာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဖိလစ်ပိုင်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း တိုက်ခတ်ခဲ့သော Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်မှာ ၅၃ ဦးအထိမြင့်တက်လာခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့ (PNP) က နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ကာလတွင် လက်ဖက်ရည်ဆိုင်များပိတ်ခြင်းအပါအဝင် အခြားအကြောင်းများကြောင့် လက်ဖက်ခြောက်အကြမ်းခြောက်ထုတ်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံလက်ဖက်လုပ်ငန်းရှင်များ အသင်းမှ နာယက ဦးကျော်သီဟ က ဆင်ဟွာသို့ နိုဝင်ဘာ ၁၄ ရက်တွင်ပြောသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဆွမ့်ရိခရိုင်တွင် အလိုအလျောက်မောင်းနှင်နိုင်သော မော်တော်ယာဉ်များအတွက် စမ်းသပ်မောင်းနှင်ရန်နေရာတစ်ခု၏ ပထမအဆင့်သည် စမ်းသပ်မောင်းနှင်မှုများစတင်ရန် နည်းပညာလိုအပ်ချက်များ ပြည့်မီသွားပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခဲ့ချန် က နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းအချိန်တွင် အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုကွန်ဖရန့်မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအား သတ်မှတ်စည်းကမ်းနှင့်အညီဖြတ်သန်းခွင့်အား COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ၏ ညွှန်ကြားချက်နှင့်အညီ နိုဝင်ဘာ ၃၀ ရက်အထိ ယာယီ ဖြတ်သန်းခွင့်ပြုလျက်ရှိကြောင်း၊ ဆက်လက်သက်တမ်းတိုးခြင်းမတိုးခြင်းအား COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်း...
ဝါရှင်တန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို COVID-19 ရောဂါဖြစ်ပွားမှုများကြောင့် အသွားအလာကန့်သတ်စောင့်ကြည့်ရခြင်း သို့မဟုတ် သီးသန့်ခွဲခြားနေထိုင်ခြင်း လုပ်ဆောင်နေရကြောင်း ဝါရှင်တန်ပို့စ်မှ နိုဝင်ဘာ ၁၃ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။
နယူးဒေလီ ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ နှစ်နိုင်ငံလုံးက ကက်ရှမီးယားဒေသရှိ နှစ်နိုင်ငံလက်တွေ့ထိန်းချုပ်ထားသည့် နယ်နိမိတ်မျဉ်း အနီးတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး နာကော်နို-ကာရာဘတ် (Nagorno-Karabakh) (နာကာ) ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် အရပ်သားများအပါအဝင် လူပေါင်း ၄ ထောင်ကျော်သေဆုံးခဲ့ပြီး ၈ ထောင်ကျော်ဒဏ်ရာရရှိခဲ့ကာ လူပေါင်း သောင်းနှင့်ချီ၍ စစ်ဘေးဒုက္ခဖြစ်ခဲ့ရကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် က...